Skip to main content

Hitachi

Arçelik Hitachi Home Appliances Sales (Singapore) Pte. Ltd.Myanmar

ကွတ်ကီးဆိုင်ရာအသိပေးချက်

ဤကွတ်ကီးအသိပေးချက်တွင် ကျွန်ုပ်တို့အကြောင်းနှင့် ကျွန်ုပ်တို့၏ ဝက်ဘ်ဆိုက်များတွင် ကွတ်ကီးများ သို့မဟုတ် အလားတူ နည်းပညာများကို ကျွန်ုပ်တို့ အသုံးပြုပုံနှင့်ပတ်သက်သည့် အရေးကြီး အကြောင်းအရာများ ပါဝင်သောကြောင့် ၎င်းကို ဂရုတစိုက်ဖတ်ရှုပေးပါရန် သင့်ကို တောင်းဆိုပါသည်။ ဤကွတ်ကီးအသိပေးချက်ကို ကျွန်ုပ်တို့၏ ကိုယ်ရေးလုံခြုံမှုအသိပေးချက် နှင့်အတူ ဖတ်ရှုပေးသင့်ပါသည်။ ယင်းတွင် ကျွန်ုပ်တို့၏ ဝက်ဘ်ဆိုက်များကို သင်အသုံးပြုရာမှတစ်ဆင့်ဖြစ်စေ သို့မဟုတ် တစ်နည်းအားဖြင့် ကျွန်ုပ်တို့ပေးဆောင်သော ဝန်ဆောင်မှုများနှင့် ဆက်စပ်၍ စုဆောင်းထားသော ကိုယ်ရေးဒေတာများကို ကျွန်ုပ်တို့ စုဆောင်း၊ သိမ်းဆည်း၊ အသုံးပြုပုံနှင့် မျှဝေပုံနှင့်အကြောင်းရင်း၊ သင်၏ ကိုယ်ရေးဒေတာများနှင့် ဆက်စပ်၍ သင့်အခွင့်အရေးများနှင့် သင့်တွင် တိုင်ကြားစရာတစ်ခုရှိလာပါက ကျွန်ုပ်တို့နှင့် ကြီးကြပ်ရေးအာဏာပိုင်များထံ ဆက်သွယ်နိုင်သည့် နည်းလမ်းတို့ကို ဖော်ပြပေးထားသည်။

ကျွန်ုပ်တို့အကြောင်း

ကျွန်ုပ်တို့က "Arçelik-Hitachi", "ကျွန်ုပ်တို့" "ကျွန်ုပ်တို့၏" or "ကျွန်ုပ်တို့ကို" ဟု ရည်ညွှန်းသည့်အခါ Arçelik Hitachi Home Appliances Sales (Singapore) Pte Ltd. ကို ရည်ညွှန်းပြောဆိုခြင်း ဖြစ်ပါသည်။ ကျွန်ုပ်တို့သည် Arçelik Group ၏ အဖွဲ့ဝင်တစ်ဦးလည်းဖြစ်ပါသည်။ Arçelik Group နှင့်ပတ်သက်သည့် နောက်ထပ်အချက်အလက်များကို Arçelik ၏ ဝက်ဘ်ဆိုက်ဖြစ်သော ဤနေရာတွင် ကြည့်ရှုနိုင်သည်။

ကျွန်ုပ်တို့၏ မိခင်(ပင်မ)ကုမ္ပဏီဖြစ်သော Arçelik A.S. ၏ လုပ်ငန်းဆောင်ရွက်ချက်များနှင့် ပတ်သက်၍ သင့်တွင် မေးမြန်းစရာများရှိပါက ၎င်းတို့၏ ကိုယ်ရေးလုံခြုံမှုဆိုင်ရာ မူဝါဒကို ဤနေရာတွင်ကြည့်ရှုနိုင်သည်။

ဤကွတ်ကီးအသိပေးချက်သည် https://www.hitachi-homeappliances.com/mm-mm/ ရှိ ကျွန်ုပ်တို့၏ ဝက်ဘ်ဆိုက်များ ("ဝက်ဘ်ဆိုက်များ") ကို သင်အသုံးပြုမှုနှင့် ဆက်စပ်ပါသည်။

ကျွန်ုပ်တို့၏ ဝက်ဘ်ဆိုက်အနှံ့အပြားတွင် ပြင်ပအဖွဲ့အစည်းဝက်ဘ်ဆိုက်များ၊ ပလပ်အင်များနှင့် အပလီကေးရှင်းများအတွက် လင့်ခ်များ ထည့်သွင်းပေးထားနိုင်ပါသည်။ အဆိုပါ အခြားပြင်ပအဖွဲ့အစည်း ဝက်ဘ်ဆိုက်များတွင်လည်း ကွတ်ကီးများကိုဖြစ်စေ၊ အလားတူနည်းပညာများကိုဖြစ်စေ ၎င်းတို့ကိုယ်ပိုင် သီးခြားကွတ်ကီးအသိပေးချက်များနှင့်အညီ အသုံးပြုနိုင်ပါသည်။ အဆိုပါ အခြားပြင်ပအဖွဲ့အစည်း ဝက်ဘ်ဆိုက်များနှင့် ပတ်သက်သည့် ကိုယ်ရေးလုံခြုံမှု ဆိုင်ရာအချက်အလက်များကိုသိရှိနိုင်ရန်အတွက် ကျေးဇူးပြု၍ ၎င်းတို့၏ ကွတ်ကီးအသိပေးချက်များကို သင့်လျော်သလို ဖတ်ရှုကိုးကားပါ။

ကွတ်ကီးများဆိုသည်မှာအဘယ်အရာများဖြစ်ပါသနည်း။

ကွတ်ကီးဆိုသည်မှာ ကျွန်ုပ်တို့၏ ဝက်ဘ်ဆိုက်များကို သင်အသုံးပြုသည့်အခါ သင့်စက် (ဥပမာ - ကွန်ပျူတာ၊ စမတ်ဖုန်း သို့မဟုတ် အခြား အီလက်ထရောနစ်စက်) ထဲသို့ ထည့်သွင်းလိုက်သည့် စာသားဖိုင် အသေးစားတစ်ခုဖြစ်ပါသည်။ ကွတ်ကီးဖိုင်တစ်ခုကို သင်၏ ဝက်ဘ်ဘရောက်ဇာတွင် သိမ်းဆည်းထားပြီး ကျွန်ုပ်တို့ သို့မဟုတ် ပြင်ပအဖွဲ့အစည်းအား သင့်ကိုမှတ်မိစေသည့်အပြင် သင်၏ စိတ်ကြိုက်အသေးစိတ်အချက်များကိုဖြစ်စေ၊ သုံးစွဲသူ နှစ်သက်မှုများကဲ့သို့သော အရာများကိုဖြစ်စေ မှတ်ထားနိုင်စေပါသည်။ ၎င်းတို့သည် ကျွန်ုပ်တို့၏ ဝက်ဘ်ဆိုက်များကို သင်အသုံးပြုပုံနှင့် အချက်အလက်ရယူပုံအကြောင်း ပိုမိုလေ့လာရန်အတွက်လည်း ကျွန်ုပ်တို့ကို ကူညီပေးသဖြင့် ကျွန်ုပ်တို့အနေဖြင့် မွမ်းမံမှုများ ပြုလုပ်နိုင်ပြီး လုပ်ဆောင်ချက်များကို အပ်ဒိတ်လုပ်နိုင်ပါသည်။

ကွတ်ကီးများသည် "အချိန်ပြည့်" ကွတ်ကီးများဖြစ်နိုင်သလို "အချိန်ပိုင်း" ကွတ်ကီးများလည်း ဖြစ်နိုင်သည်။ အချိန်ပြည့်းကွတ်ကီးများသည် သင် အင်တာနက်ပိတ်ထားသည့်အခါ သင့်စက်တွင် ဆက်လက်ရှိနေပြီး အချိန်ပိုင်းကွတ်ကီးများသည် သင်၏ ဝက်ဘ်ဘရောက်ဇာကို သင်ပိတ်လိုက်သည်နှင့် ချက်ချင်းပျက်သွားသည်။

ကွတ်ကီးများကို ကျွန်ုပ်တို့ အသုံးပြုပုံ။

ကျွန်ုပ်တို့သည် ကျွန်ုပ်တို့၏ ဝက်ဘ်ဆိုက်များအား သင်အသုံးပြုပုံနှင့် အချက်အလက်ရယူပုံတို့ကို ပိုမိုလေ့လာရာတွင် ကျွန်ုပ်တို့အတွက် အထောက်အကူဖြစ်စေရန် ကွတ်ကီးများကို အသုံးပြုပါသည်။ ဤကွတ်ကီးများသည် ကျွန်ုပ်တို့ထဲ ဝင်ရောက်ကြည့်ရှုမှုများနှင့် စတင်ဝင်ရောက်ကြည့်ရှုသည့်စာမျက်နှာများကို ရေတွက်ခွင့်ပြုသောကြောင့် ကျွန်ုပ်တို့ဝက်ဘ်ဆိုက်များ၏ စွမ်းဆောင်ရည်ကို တိုင်းတာနိုင်ပြီး အဆင့်မြှင့်တင်နိုင်ပါသည်။ ၎င်းတို့သည် လူကြိုက်အများဆုံးနှင့် အနည်းဆုံး စာမျက်နှာများကို သိရှိရန်နှင့် ဝက်ဘ်ဆိုက်များအနှံ့ ဝင်ရောက်ကြည့်ရှုသူများ ပြောင်းရွှေ့ကြည့်ရှုပုံကို သိရှိနိုင်စေရန် ကျွန်ုပ်တို့အား ကူညီပေးပါသည်။

ကျွန်ုပ်တို့နှင့် အခြားသူများက ကွတ်ကီးများမှတစ်ဆင့် စုဆောင်းနိုင်သည့် သင်၏ အချက်အလက်အသေးစိတ်စာရင်းအပါအဝင် ကျွန်ုပ်တို့၏ ကွတ်ကီးများအသုံးပြုမှုနှင့် ပတ်သက်သည့် နောက်ထပ် အချက်အလက်များကို ကျေးဇူးပြု၍ အောက်တွင် ကြည့်ရှုပါ။

ကွတ်ကီးအမျိုးအစားများ။

သင့်စက်တွင် ကျွန်ုပ်တို့ထည့်သွင်းသည့် ကွတ်ကီးများတွင် အောက်ပါအမျိုးအစားများ ပါဝင်ပါသည်-

  • အတိအကျလိုအပ်သော ကွတ်ကီးများ။ ဝက်ဘ်ဆိုက်များ အလုပ်လုပ်ရန်အတွက် အဆိုပါကွတ်ကီးများကို လိုအပ်ပြီး ကျွန်ုပ်တို့၏ စနစ်များတွင် ၎င်းကွတ်ကီးများကို ပိတ်ထား၍မရပါ။ သင့်ကိုယ်ရေးလုံခြုံမှုဆိုင်ရာ နှစ်သက်မှုများ၊ အကောင့်ဝင်ရောက်ခြင်း သို့မဟုတ် ပုံစံများ ဖြည့်စွက်ခြင်းကဲ့သို့သော ဝန်ဆောင်မှုများကို တောင်းဆိုရန်အတွက် သင်ပြုလုပ်သည့် လုပ်ဆောင်ချက်များကို တုံ့ပြန်ရန်အတွက်သာ ၎င်းတို့ကို သတ်မှတ်ထားလေ့ရှိပါသည်။ သင်သည် ၎င်းကွတ်ကီးများကို တားမြစ်ရန် သို့မဟုတ် ၎င်းတို့အကြောင်း သင့်အား သတိပေးရန် သင့်ဘရောက်ဇာကို သတ်မှတ်နိုင်သော်လည်း ထိုသို့သတ်မှတ်လျှင် ဝက်ဘ်ဆိုက်၏ အချို့အပိုင်းများက အလုပ်လုပ်မည်မဟုတ်ပါ။ ဤကွတ်ကီးများသည် ပုဂ္ဂိုလ်ရေးအရ မည်သူမည်ဝါခွဲခြားဖော်ထုတ်နိုင်သော မည်သည့်အချက်အလက်ကိုမျှ သိမ်းဆည်းမထားပါ။
  • လုပ်ဆောင်ချက်ပိုင်းဆိုင်ရာ ကွတ်ကီးများ။ ဤကွတ်ကီးများသည် ဝက်ဘ်ဆိုက်များအား ပိုမိုကောင်းမွန်သော လုပ်ဆောင်နိုင်စွမ်းကို ပံ့ပိုးပေးနိုင်စေရုံသာမက သုံးစွဲသူနှင့် ပိုမိုအံဝင်ခွင်ကျဖြစ်စေရန်လည်း လုပ်ပေးနိုင်သည်။ ၎င်းတို့ကို ကျွန်ုပ်တို့၏ စာမျက်နှာများ၌ ကျွန်ုပ်တို့ထည့်သွင်းထားသည့် ဝန်ဆောင်မှုပေးသော ပြင်ပအဖွဲ့အစည်း ဝန်ဆောင်မှုပေးသူများကဖြစ်စေ၊ ကျွန်ုပ်တို့ကဖြစ်စေ သတ်မှတ်ပေးနိုင်ပါသည်။ ၎င်းကွတ်ကီးများကို သင်ခွင့်မပြုပါက ဤဝန်ဆောင်မှုများ အားလုံး သို့မဟုတ် ဝန်ဆောင်မှုအချို့သည် ကောင်းစွာလုပ်ဆောင်နိုင်မည် မဟုတ်ပါ။
  • စွမ်းဆောင်ရည်ဆိုင်ရာကွတ်ကီးများ။ ဤကွတ်ကီးများသည် ကျွန်ုပ်တို့ထဲ ဝင်ရောက်ကြည့်ရှုမှုများနှင့် စတင်ဝင်ရောက်ကြည့်ရှုသည့် စာမျက်နှာများကို ကျွန်ုပ်တို့အားရေတွက်ခွင့်ပြုသောကြောင့် ကျွန်ုပ်တို့ဝက်ဘ်ဆိုက်များ၏ စွမ်းဆောင်ရည်ကို ကျွန်ုပ်တို့တိုင်းတာနိုင်ပြီး အဆင့်မြှင့်တင်နိုင်ပါသည်။ ၎င်းတို့သည် လူကြိုက်အများဆုံး သို့မဟုတ် အနည်းဆုံး စာမျက်နှာများကို သိရှိရန်နှင့် ဝက်ဘ်ဆိုက်များအနှံ့ ဝင်ရောက်ကြည့်ရှုသူများ ပြောင်းရွှေ့ကြည့်ရှုပုံကို သိရှိနိုင်စေရန် ကျွန်ုပ်တို့အား ကူညီပေးပါသည်။ ဤကွတ်ကီးများက စုဆောင်းသည့် အချက်အလက်အားလုံးကို စုပေါင်းထားသောကြောင့် အမည်ကို မသိရှိရပါ။ ဤကွတ်ကီးများကို သင်ခွင့်မပြုပါက ကျွန်ုပ်တို့၏ ဝက်ဘ်ဆိုက်များသို့ သင်ဝင်ရောက်ကြည့်ရှုသည့် အချိန်ကို ကျွန်ုပ်တို့ သိနိုင်တော့မည် မဟုတ်သည့်အပြင် ၎င်းတို့၏ စွမ်းဆောင်မှုကိုလည်း ကျွန်ုပ်တို့စောင့်ကြည့်နိုင်တော့မည် မဟုတ်ပါ။
  • ပစ်မှတ်ထားသည့် ကွတ်ကီးများ။ ဤကွတ်ကီးများကို ကျွန်ုပ်တို့၏ ကြော်ငြာမိတ်ဖက်များက ကျွန်ုပ်တို့၏ ဝက်ဘ်ဆိုက်များမှတစ်ဆင့် သတ်မှတ်ထားနိုင်ပါသည်။ သင်စိတ်ဝင်စားသည့်အရာများအတွက် ကိုယ်ရေးးအကျဉ်းတစ်ခု ကို တည်ဆောက်ရန်နှင့် အခြားဝက်ဘ်ဆိုက်များပေါ်တွင် သက်ဆိုင်သည့် ကြော်ငြာများ ကိုသင့်အား ပြသရန် ၎င်းတို့ကို အဆိုပါကုမ္ပဏီများက အသုံးပြုနိုင်သည်။ ၎င်းတို့သည် ကိုယ်ရေးအချက်အလက်များကို တိုက်ရိုက်သိမ်းဆည်းခြင်း မရှိသော်လည်း သီးခြားဖော်ထုတ်သတ်မှတ်ထားသည့် သင်၏ ဘရောက်ဇာနှင့် အင်တာနက်စက်ပေါ်တွင် ၎င်းတို့ကိုအခြေခံထားသည်။ အဆိုပါကွတ်ကီးများကို သင်ခွင့်မပြုပါက သင်နှင့်သက်ဆိုင်မှုနည်းသော ကြော်ငြာကိုသာ သင်တွေ့မြင်ရမည်။

ပြင်ပအဖွဲ့အစည်း ကွတ်ကီးများ။

ဤကွတ်ကီးအသိပေးချက်တွင် ဖော်ပြထားသည့် ကွတ်ကီးအားလုံးမှာ "ပထမအဖွဲ့အစည်း ကွတ်ကီးများ" ဖြစ်ပြီး ၎င်းတို့ကို ကျွန်ုပ်တို့က သတ်မှတ်ထိန်းချုပ်ထားသည်ဟု ဆိုလိုသည်။ တစ်ခါတစ်ရံတွင် ပြင်ပအဖွဲ့အစည်းများသည် ကျွန်ုပ်တို့၏ ဝက်ဘ်ဆိုက်များပေါ်တွင် ကျွန်ုပ်တို့ ထိန်းချုပ်မထားသည့် ကွတ်ကီးများကို သတ်မှတ်ထားနိုင်ပါသည်။ ၎င်းတို့ကို "ပြင်ပအဖွဲ့အစည်း ကွတ်ကီးများ" ဟု ခေါ်ဆိုသည်။ ဥပမာအနေဖြင့် ကျွန်ုပ်တို့ဝက်ဘ်ဆိုက်များ၏ စာမျက်နှာအချို့တွင် မြှုပ်ထည့်ထားသည့် အကြောင်းအရာကို ထည့်သွင်းထားသည့်နေရာမျိုးတွင် ပြင်ပအဖွဲ့အစည်းကွတ်ကီးများ ရှိလိမ့်မည်ဖြစ်သည်။ မြှုပ်ထည့်ထားသည့် အကြောင်းအရာပါရှိသော စာမျက်နှာတစ်ခုသို့ သင်ဝင်ရောက်ကြည့်ရှုသည့်အခါ ပြင်ပအဖွဲ့အစည်း ဆိုင်ရာဝန်ဆောင်မှုပေးသူသည် သင်၏ ဝက်ဘ်ဘရောက်ဇာပေါ်တွင် ၎င်း၏ ကိုယ်ပိုင်ကွတ်ကီးများကို သတ်မှတ်နိုင်ပါသည်။

သင်က ကျွန်ုပ်တို့ဝက်ဘ်ဆိုက်များပေါ်ရှိ လူမှုမီဒီယာခလုတ်များထဲမှတစ်ခုကို နှိပ်ပြီး ကျွန်ုပ်တို့၏ လူမှုမီၐဒီယာအကောင့်များနှင့် ချိတ်ဆက်ရန် ရွေးချယ်လိုက်ပါကလည်း ၎င်းဝက်ဘ်ဆိုက်များမှ ကွတ်ကီးများကို သင့်အား ပေးပို့နိုင်သောကြောင့် ၎င်းသည်လည်း အကျုံးဝင်ပါသည်။

ကျွန်ုပ်တို့က အဆိုပါကွတ်ကီးများကို ထိန်းချုပ်မထားသည့်အပြင် ၎င်းတို့အား ရယူသုံးစွဲ၍မရနိုင်ကြောင်းကို ကျေးဇူးပြု၍ မှတ်သားထားပါ။ ကွတ်ကီးများကို ၎င်းတို့အား မူလသတ်မှတ်ထားသည့် အဖွဲ့အစည်းကသာ ဝင်ရောက်သုံးစွဲနိုင်ပါသည်။ ထို့ကြောင့် သင်သည် အဆိုပါကွတ်ကီးများနှင့်ပတ်သက်သည့် နောက်ထပ် အချက်အလက်များကိုသိရှိနိုင်ရန်အတွက် ပြင်ပအဖွဲ့အစည်းဆိုင်ရာဝက်ဘ်ဆိုက်များကို စစ်ဆေးသင့်သည်။ ကျွန်ုပ်တို့သည် ၎င်းဝန်ဆောင်မှုပေးသူအချို့ကို အောက်တွင် စာရင်းပြုစုထားပြီး ၎င်းတို့၏ ကိုယ်ရေးလုံခြုံမှုဆိုင်ရာ မူဝါဒများသို့သွားရန်လင့်ခ်တစ်ခုကို ထည့်ပေးထားသည်-

  • • Google Analytics- ကျွန်ုပ်တို့သည် ကိန်းဂဏာန်းစာရင်းဇယားများကို စိစစ်ရန်အတွက် Google Analytics ကို အသုံးပြုပါသည်။ Google Analytics သည် Google LLC.၊ 1600 Amphitheater Parkway၊ Mountain View၊ CA 94034၊ USA ("Google") က ပံ့ပိုးထားသည့် ဝက်ဘ်စိစစ်ချက်ဆိုင်ရာ ဝန်ဆောင်မှုတစ်ခုဖြစ်ပါသည်။ အဆိုပါကွတ်ကီးများကို ပိတ်နည်းနှင့်ပတ်သက်သည့် အချက်အလက်များကိုသိရှိနိုင်ရန်အတွက် https://tools.google.com/dlpage/gaoptout?hl=de/တွင် ကြည့်ရှုပါ သို့မဟုတ် Google Analytics နှင့် ၎င်း၏ ကိုယ်ရေးလုံခြုံမှု မူဝါဒဆိုင်ရာ အထွေထွေအချက်အလက်များကို ရရှိရန် https://marketingplatform.google.com/about/ သို့ ဝင်ရောက်ကြည့်ရှုပါ။
  • • လူမှုမီဒီယာဆိုင်ရာကွတ်ကီးများ- အဆိုပါကွတ်ကီးများသည် သင့်အား ဝက်ဘ်ဆိုက်အကြောင်းအရာကို လူမှုမီဒီယာ ပလက်ဖောင်းများ (ဥပ‌မာ - Facebook) နှင့်အတူ မျှဝေရန် ခွင့်ပြုပေးသည်။ အဆိုပါကွတ်ကီးများကို လူမှုမီဒီယာဆိုင်ရာ ပလက်ဖောင်းများမှ ၎င်းတို့ကိုယ်တိုင် သတ်မှတ်ထားသောကြောင့် ကျွန်ုပ်တို့သည် ၎င်းတို့ကို မထိန်းချုပ်ထားပါ။ Facebook ကိုယ်ရေးလုံခြုံမှုဆိုင်ရာ မူဝါဒနှင့်ပတ်သက်သည့် နောက်ထပ် အချက်အလက်များကိုသိရှိနိုင်ရန်အတွက် https://www.facebook.com/about/privacy သို့ ဝင်ရောက်ကြည့်ရှုပါ။
  • • Hotjar- ကျွန်ုပ်တို့၏ သုံးစွဲသူများ၏ လိုအပ်ချက်များကို ပိုမိုနားလည်ရန်နှင့် ဤဝန်ဆောင်မှုနှင့် အတွေ့အကြုံကို အကောင်းဆုံး ချိန်ညှိပေးရန်အတွက် ကျွန်ုပ်တို့သည် Hotjar ကို အသုံးပြုပါသည်။ Hotjar သည် ကျွန်ုပ်တို့၏ သုံးစွဲသူများ၏အတွေ့အကြုံ (ဥပမာ- စာမျက်နှာများတွင် ၎င်းတို့ သုံးစွဲသည့်ကြာချိန်၊ ၎င်းတို့ နှိပ်ရန်ရွေးချယ်သည့် လင့်ခ်များ၊ သုံးစွဲသူများ၏ ကြိုက်သည့်အရာများနှင့် မကြိုက်သည့်အရာများ စသည်ဖြင့်) ကို ပိုမိုနားလည်ရန် ကျွန်ုပ်တို့အား ကူညီပေးသည့် နည်းပညာဝန်ဆောင်မှု တစ်ခုဖြစ်ပြီး သုံးစွဲသူဆိုင်ရာ တုံ့ပြန်အကြံပြုချက်ဖြင့် ကျွန်ုပ်တို့၏ ဝန်ဆောင်မှုကို ဖွံ့ဖြိုးတိုးတက်အောင်လုပ်နိုင်စေရန်နှင့်း ထိန်းသိမ်းနိုင်စေရန် ကျွန်ုပ်တို့အား ကူညီပေးသည်။ Hotjar နှင့် ၎င်း၏ ကိုယ်ရေးလုံခြုံမှုဆိုင်ရာ မူဝါဒအကြောင်းနှင့်ပတ်သက်သည့် အထွေထွေအချက်အလက်များကို ရယူရန်အတွက် https://help.hotjar.com/hc/en-us/categories/115001323967-About-Hotjar တွင် ဝင်ရောက်ကြည့်ရှုပါ။
  • • Reevoo- Reevoo သည် ဖောက်သည်များက တိုက်ရိုက်ရေးသားသည့် ထုတ်ကုန် အဆင့်သတ်မှတ်ချက်များနှင့် သုံးသပ်ချက်များကို ပေးကမ်းသည့် ပြင်ပအဖွဲ့အစည်း ပလက်ဖောင်းတစ်ခုဖြစ်ပြီး ကျွန်ုပ်တို့နှင့် ကျွန်ုပ်တို့၏ ဖောက်သည်များအား ကျွန်ုပ်တို့၏ ထုတ်ကုန်များကို ဝယ်ယူထားပြီးသောသူများ၏ ထင်မြင်ချက်များကို ကြားသိနိုင်စေရန် ဆောင်ရွက်ပေးသည်။ Reevoo ၏ ကိုယ်ရေးလုံခြုံမှုဆိုင်ရာ မူဝါဒကို ဤနေရာ https://www.reevoo.com/pages/privacy_policy တွင် ကြည့်ရှုနိုင်သည်။

ကွတ်ကီးများကို စီမံခန့်ခွဲပုံ။

သင်သည် ကွတ်ကီးများကို လက်မခံရန်အတွက် သင်၏ ဘရောက်ဇာ ဆက်တင်များကို အချိန်မရွေး ပြောင်းလဲနိုင်သည်။ သင်သည် ကွတ်ကီးများကို ပိတ်ဆို့နည်းနှင့်ပတ်သက်၍ ပိုမိုသိရှိနိုင်ရန်အတွက် http://www.allaboutcookies.org/. တွင် ဝင်ရောက်လေ့လာနိုင်ပါသည်။ သင်သည်ကွတ်ကီးများကို လုံးဝအလျှင်းပိတ်ဆို့ပါက ဝက်ဘ်ဆိုက်အများစုသည် ကောင်းမွန်စွာ အလုပ်လုပ်မည်မဟုတ်၍ ကျွန်ုပ်တို့၏ ဝက်ဘ်ဆိုက်များပေါ်ရှိ အချို့လုပ်ဆောင်ချက်များသည် လုံးဝအလုပ်လုပ်မည် မဟုတ်ကြောင်း ကိုကျေးဇူးပြု၍ သတိပြုပါ။

ကျွန်ုပ်တို့ထံသို့ မည်သို့ ဆက်သွယ်မည်နည်း။

သင်၏ ကိုယ်ရေးဒေတာကို ကျွန်ုပ်တို့ အသုံးပြုပုံ သို့မဟုတ် အဆိုပါအထွေထွေ အသိပေးချက်နှင့်ပတ်သက်၍ သင့်တွင် မေးစရာများ ရှိပါက ကျေးဇူးပြု၍ အောက်ပါအတိုင်း ကျွန်ုပ်တို့ထံသို့ ဆက်သွယ်ပါ-

ဒေတာကာကွယ်ရေး အရာရှိ
Arcelik Hitachi Home Appliances Sales (Singapore) Pte. Ltd.
438A Alexandra Road
No. 01-01 Alexandra Technopark
Singapore 119967

အဆိုပါကွတ်ကီး အသိပေးချက်တွင် ပြောင်းလဲမှုများ။

ဤဗားရှင်းကို စက်တင်ဘာလ 2022 တွင် နောက်ဆုံးအပ်ဒိတ်လုပ်ခဲ့ပါသည်။ ကျွန်ုပ်တို့သည် အဆိုပါကွတ်ကီး အသိပေးချက်ကို အခါအားလျော်စွာ ပြောင်းလဲနိုင်ပြီး ကျွန်ုပ်တို့ ပြောင်းလဲသည့်အခါ ဤကဏ္ဍကို အပ်ဒိတ်လုပ်ခြင်းဖြင့် သင့်အား အသိပေးပါမည်။

Related Links