Skip to main content

Hitachi

Arçelik Hitachi Home Appliances Sales (Singapore) Pte. Ltd.Myanmar

အသုံးပြုမှုဆိုင်ရာ စည်းမျဉ်းများ

မှတ်ချက် - ဤဝဘ်ဆိုက်ကို အသုံးမပြုမီ ဤစည်းမျဉ်းများကို ဂရုတစိုက်ဖတ်ရှုပါ။

စာချုပ်စည်းမျဉ်းများကို လက်ခံခြင်း

အောက်ပါတို့သည် သင်နှင့် Arcelik Hitachi Home Appliances Sales (Singapore) Pte. Ltd ("Hitachi") အကြား တရားဝင်သဘောတူညီချက်ကို ဖြစ်ပေါ်စေသော စည်းကမ်းသတ်မှတ်ချက်များ (“စည်းမျဉ်းများ”) အဖြစ် ဖွဲ့စည်းပါဝင်သည်။ Arcelik Hitachi Home Appliances Sales (Singapore) Pte. Ltd ("Hitachi"). www.hitachi.homeappliances.hitachi.com/mm (“ဝဘ်ဆိုက်”) ထဲ ဝင်ရောက်ခြင်း၊ လေ့လာကြည့်ရှုခြင်းနှင့်/သို့မဟုတ် အသုံးပြုခြင်းဖြင့် သင်သည် ဤစည်းမျဉ်းများကို ဖတ်ရှုပြီး၍ နားလည်ပြီး ကန့်သတ်ချက်မရှိဘဲ သို့မဟုတ် တစ်သဝေမတိမ်း လိုက်နာဆောင်ရွက်ရန် သဘောတူကြောင်း အသိအမှတ်ပြုရာ ရောက်ပါသည်။ ဤစည်းမျဉ်းများကို သင်သဘောမတူပါက ဤဝဘ်ဆိုက်ကို အသုံးမပြုပါနှင့်။ ဤဝဘ်ဆိုက်တွင် ပံ့ပိုးပေးထားသော ဆက်သွယ်မှုများနှင့် ပစ္စည်းများကို သက်ဆိုင်ရာ မူပိုင်ခွင့်ဥပဒေများနှင့် နိုင်ငံတကာ စာချုပ်များဖြင့် ကာကွယ်ထားသည်။

ဤဝဘ်ဆိုက်ကို Hitachi က ထိန်းချုပ်၊ လည်ပတ်ပြီး စီမံခန့်ခွဲသည်။ ဤဝဘ်ဆိုက်ရှိ ဆက်သွယ်မှုများနှင့် ပစ္စည်းများသည် မြန်မာနိုင်ငံအတွင်းတွင်ဖြစ်စေ၊ မြန်မာနိုင်ငံပြင်ပရှိ အခြားနေရာတစ်ခုခုတွင်ဖြစ်စေ အသုံးပြုမှုအတွက် သင့်လျော်ကြောင်း သို့မဟုတ် ရရှိနိုင်ကြောင်း မည်သည့်ကိုယ်စားပြုမှု သို့မဟုတ် အာမခံချက်ကိုမျှ Hitachi က မပြုလုပ်ပါ။ ဤဝဘ်ဆိုက်သို့ ဝင်ရောက်သုံးစွဲရန် သင်ရွေးချယ်ပါက သင်သည် သင့်ကိုယ်ပိုင်ဉာဏ်ဖြင့် ထိုသို့ပြုလုပ်ခြင်းဖြစ်ပြီး သက်ဆိုင်ရာဥပဒေများကို လိုက်နာရန် တာဝန်ရှိပါသည်။

အသုံးပြုမှု ကန့်သတ်ချက်များ

အော်ဒီယို၊ ရုပ်ပုံများ၊ ဆော့ဖ်ဝဲ၊ စာသားနှင့် ဗီဒီယိုအပိုင်းတိုများ (“အကြောင်းအရာများ”) အပါအဝင် ကန့်သတ်မထားသော ဤဝဘ်ဆိုက်တွင်ရရှိနိုင်သည့် ဆက်သွယ်မှုများနှင့် ပစ္စည်းများ အားလုံးကို သက်ဆိုင်ရာ မူပိုင်ခွင့်ဥပဒေများနှင့် နိုင်ငံတကာ သဘောတူညီချက်များဖြင့် ကာကွယ်ထားသည်။ ဤဝဘ်ဆိုက်တွင် ပံ့ပိုးပေးထားသော အကြောင်းအရာအားလုံးရှိ မူပိုင်ခွင့်ကို Hitachi နှင့် ၎င်း၏ လိုင်စင်ပေးသူများက ပိုင်ဆိုင်သည်။ အကြောင်းအရာများကို ခွင့်ပြုချက်မရှိဘဲ အသုံးပြုမှုမှန်သမျှသည် မူပိုင်ခွင့်ဥပဒေများ၊ ကုန်အမှတ်တံဆိပ် ဥပဒေများ၊ ကိုယ်ရေးလုံခြုံမှုနှင့် လူသိရှင်ကြားထုတ်ပြန်မှုဆိုင်ရာ ဥပဒေများနှင့် တရားမမှုနှင့် ရာဇဝတ်မှုဆိုင်ရာ ပြဋ္ဌာန်းဥပဒေများကို ချိုးဖောက်နိုင်သည်။

Hitachi သည် သင်၏ ကိုယ်ရေးအချက်အလက်၊ ပညာပေးနှင့် ဆက်သွယ်ရေးအတွက်သာ ဤဝဘ်ဆိုက်ကို ထိန်းသိမ်းထားသည်။ သင်က ဤဝဘ်ဆိုက်ရှိ အကြောင်းအရာများကို မပြင်ဆင်၍ အကြောင်းအရာများတွင်ပါရှိသော မူပိုင်ခွင့်နှင့် အခြားပိုင်ဆိုင်မှုနှင့်ပတ်သက်သော သတိပေးချက်များအားလုံးကို လိုက်နာထိန်းသိမ်းမှသာလျှင် Hitachi သည် သင့်အား သင်၏ စီးပွားဖြစ်မဟုတ်သော ကိုယ်ရေးကိုယ်တာ အသုံးပြုမှုအတွက်သာ အဆိုပါအကြောင်းအရာများကို ကြည့်ရှုခွင့်ပေးပြီး သီးသန့်မဟုတ်သော၊ လွှဲပြောင်း၍မရနိုင်သော ကန့်သတ်ထားသော မိတ္တူကူးခွင့်၊ ပြသခွင့်၊ ဖြန့်ဖြူးခွင့်နှင့် ဒေါင်းလုဒ်လုပ်ခွင့်ကို ပေးအပ်သည်။ ဤနေရာတွင် ဖော်ပြထားသည်များမှလွဲ၍ Hitachi ၏ ကြိုတင်ခွင့်ပြုစာမရှိဘဲ အကြောင်းအရာများကို အီလက်ထရွန်းနစ်၊ စက်ပိုင်းဆိုင်ရာ၊ ဓာတ်ပုံမိတ္တူကူးခြင်း၊ မှတ်တမ်းတင်ခြင်း သို့မဟုတ် အခြားတစ်နည်းနည်းအပါအဝင် ကန့်သတ်မထားသော ပုံစံတစ်ခုခု သို့မဟုတ် နည်းလမ်းတစ်ခုခုဖြင့် မိတ္တူကူးခြင်း၊ မူပွားခြင်း၊ ဖြန့်ဖြူးခြင်း၊ ပြန်လည်ထုတ်ဝေခြင်း၊ ဒေါင်းလုဒ်လုပ်ခြင်း၊ ပြသခြင်း၊ ပို့စ်တင်ခြင်း သို့မဟုတ် တစ်ဆင့်ပေးပို့ခြင်း သို့မဟုတ် လူသိရှင်ကြား သို့မဟုတ် စီးပွားဖြစ် ရည်ရွယ်ချက်တစ်ခုခုအတွက် အသုံးပြုခြင်း မပြုရပါ။

ဤစည်းမျဉ်းများ၏ ရည်ရွယ်ချက်များအတွက် အခြားဝဘ်ဆိုက် သို့မဟုတ် ကွန်ရက်ချိတ်ဆက်ထားသော ကွန်ပျူတာပတ်ဝန်းကျင်တစ်ခုခုရှိ အကြောင်းအရာများအား မည်သည့်ရည်ရွယ်ချက်မဆိုအတွက် အသုံးပြုမှုမှန်သမျှကို တားမြစ်သည်။ အထက်ဖော်ပြပါစည်းမျဉ်းများမှ မည်သည့်အရာကိုမဆို သင်ချိုးဖောက်ပါက ဤဝဘ်ဆိုက်ကို အသုံးပြုရန် သင့်ခွင့်ပြုချက်သည် အလိုအလျောက်ရပ်စဲပြီး သင်သည် ဒေါင်းလုဒ်လုပ်ထားသော သို့မဟုတ် ပရင့်ထုတ်ထားသော မည်သည့်အကြောင်းအရာကိုမဆို ချက်ချင်းဖျက်စီးရမည်။ သင်သည် Hitachi ၏ ခွင့်ပြုချက်မရှိဘဲ ဤဝဘ်ဆိုက်တွင် ပါရှိသော မည်သည့်အကြောင်းအရာကိုမဆို အခြားဆာဗာတစ်ခုခုတွင်လည်း “မူပွားခြင်း” မပြုနိုင်ပါ။ ဤဝဘ်ဆိုက်တွင်ပါရှိသော တစ်စုံတစ်ရာနှင့် ဆန့်ကျင်သော်ငြားလည်း ဤဝဘ်ဆိုက်တွင်ပြသထားသော အကြောင်းအရာများအား သင်၏ အသုံးပြုမှုသည် Hitachi မှ မပိုင်ဆိုင်သော သို့မဟုတ် ၎င်းနှင့်ပေါင်းစည်းမှုမရှိသော ပြင်ပအဖွဲ့အစည်းများ၏ အခွင့်အရေးများကို ထိပါးမည်မဟုတ်ကြောင်း Hitachi က အာမခံခြင်း သို့မဟုတ် ကိုယ်စားပြုခြင်း မရှိပါ။

ဤဝဘ်ဆိုက်ရှိ မည်သည့်အရာမဆိုကိုမျှ ဤဝဘ်ဆိုက်တွင်တွေ့ရသည့် ပိုင်ဆိုင်မှုနှင့်ပတ်သက်သော လိုဂိုများ၊ ဝန်ဆောင်မှု အမှတ်အသားများနှင့် ကုန်အမှတ်တံဆိပ်များကို အသုံးချရန် သင့်အား လိုင်စင်တစ်ခုခု ပေးအပ်ထားသည်ဟု မမှတ်ယူရပါ။ ဤဝဘ်ဆိုက်တွင်တွေ့ရသည့် ပိုင်ဆိုင်မှုနှင့်ပတ်သက်သော လိုဂိုများ၊ ဝန်ဆောင်မှု အမှတ်အသားများနှင့် ကုန်အမှတ်တံဆိပ်များကို သင်၏ အသုံးပြုမှုမှန်သမျှသည် Hitachi သို့မဟုတ် ၎င်း၏ ဦးပိုင်၊ လက်အောက်ခံ၊ ပတ်သက်သော၊ ဆက်စပ်သော သို့မဟုတ် ပေါင်းစည်းထားသော ကုမ္ပဏီများ (စုစည်း၍ “Hitachi အဖွဲ့ဝင်များ” အဖြစ် သိထားသည်) ၏ ဉာဏပစ္စည်းမူပိုင်ခွင့်များအား ထိပါးခြင်းဖြစ်သည်။ ဖြစ်နိုင်သည့် အခြေအနေအရ သင်သည် ယင်းကြောင့်ပေါ်ပေါက်လာသော ဆုံးရှုံးမှုများ၊ ပျက်စီးမှုများ၊ ကုန်ကျစရိတ်များနှင့် အသုံးစရိတ်များ အားလုံးအတွက် Hitachi နှင့် Hitachi အဖွဲ့ဝင်များအား လျော်ကြေးပေးရန်နှင့် လျော်ကြေးပေးရခြင်းမှ ကာကွယ်ရန် ဤနေရာတွင် ဤနည်းအားဖြင့် သဘောတူပါသည်။

သုံးစွဲသူ၏ ဆက်သွယ်မှုများ

သင်က မှတ်ချက်များ၊ ဒေတာများ၊ မေးခွန်းများ၊ အကြံပြုချက်များ သို့မဟုတ် အလားတူများ (“ဆက်သွယ်မှုများ”) အပါအဝင် ကန့်သတ်မထားသော ဤဝဘ်ဆိုက်သို့ တစ်ဆင့်ပေးပို့ထားသည့် သို့မဟုတ် ပို့စ်တင်ထားသည့် အချက်အလက်၊ ပစ္စည်းများ သို့မဟုတ် အခြားဆက်သွယ်မှုတစ်ခုခုကို အီလက်ထရွန်းနစ်မေးလ် သို့မဟုတ် အခြားတစ်နည်းနည်းဖြင့် ပို့ပါက အဆိုပါဆက်သွယ်မှုအားလုံးသည် လျှို့ဝှက်ချက်နှင့် သီးသန့်ပိုင်ဆိုင်မှုမဟုတ်၍ ၎င်းတို့ကို ယင်းကဲ့သို့ သဘောထားပါမည်။

Hitachi သည် ဆက်သွယ်မှုများတွင်ပါရှိသော စိတ်ကူးများ၊ အကြံဉာဏ်များ၊ အသိပညာများ သို့မဟုတ် နည်းပညာများ အပါအဝင် မည်သည့်ဆက်သွယ်မှုများမဆိုကို ကမ္ဘာပေါ်ရှိ မည်သည့်နေရာ၊ မည်သည့်အချိန်တွင်မဆို၊ မည်သည့်ကြားခံစနစ်ဖြင့်မဆိုနှင့် သင့်အား မည်သည့်လျော်ကြေးမှမပေးဘဲ အဆိုပါဆယ်သွယ်မှုများကို အသုံးပြု၍ ထုတ်ကုန်များကို တီထွင်ဖန်တီးခြင်း၊ ထုတ်လုပ်ခြင်းနှင့် ဈေးကွက်ရှာဖွေခြင်းအပါအဝင် ကန့်သတ်မထားသော မည်သည့်ရည်ရွယ်ချက်မဆိုအတွက် လိုက်လျောညီထွေဖြစ်အောင် ပြင်ဆင်ခြင်း၊ ထုတ်လွှင့်ခြင်း၊ ဖြန့်ဖြူးခြင်း၊ ပြောင်းလဲခြင်း၊ ကူးယူခြင်း၊ ပေါင်းစပ်ခြင်း၊ ထုတ်ဖော်ပြောခြင်း၊ လိုင်စင်ပေးခြင်း၊ တင်ဆက်ခြင်း၊ ပို့စ်တင်ခြင်း၊ ထုတ်ဝေခြင်း၊ ရောင်းချခြင်း၊ တစ်ဆင့်ပေးပို့ခြင်း သို့မဟုတ် အခြားတစ်နည်းနည်းဖြင့် အသုံးပြုခြင်းအတွက် လုပ်ပိုင်ခွင့်ရှိရမည်ဖြစ်သော်လည်း မဖြစ်မနေ လုပ်စရာမလိုပါ။

ထိုသို့သောအသုံးပြုမှုသည် မူပိုင်ခွင့်ဆိုင်ရာ အခွင့်အရေးများ၊ ကိုယ်ရေးလုံခြုံမှုဆိုင်ရာ အခွင့်အရေးများ၊ ပိုင်ဆိုင်မှုနှင့်ပတ်သက်သော သို့မဟုတ် အခြားပိုင်ဆိုင်မှု အခွင့်အရေးများ၊ လူသိရှင်ကြားထုတ်ပြန်မှုဆိုင်ရာ အခွင့်အရေးများ၊ ဆက်သွယ်မှုများ သို့မဟုတ် အကြံဉာဏ်များအတွက် ခရက်ဒစ်ပေးရန် အခွင့်အရေးများ သို့မဟုတ် အခြားမည်သည့်အခွင့်အရေးမဆိုအပါအဝင် သင့်အခွင့်အရေးများမှ တစ်ခုခုကို ချိုးဖောက်ကြောင်း အရေးဆိုခွင့်အပါအဝင် ကန့်သတ်မထားသော အဆိုပါဆက်သွယ်မှုများအား အသုံးပြုခြင်းနှင့်သက်ဆိုင်သည့် အရေးဆိုခွင့်မှန်သမျှကို သင်စွန့်လွှတ်ပြီးကြောင်း မှတ်ယူရမည်။

သင်သည် (1) အခြားသူတစ်ဦးဦး၏ ဤဝဘ်ဆိုက် အသုံးပြုမှုကို ဝင်ရောက်စွက်ဖက်သော၊ (2) မည်သည့်ပုံစံမဆိုဖြင့် ရိုင်းစိုင်းသော၊ တရားမဝင်သော၊ မတော်တရော်ဖြစ်သော၊ မဖွယ်မရာဖြစ်သော၊ ညစ်ညမ်းသော၊ စိတ်အနှောင့်အယှက်ဖြစ်စေသော သို့မဟုတ် ခြိမ်းခြောက်သော၊ (3) အသရေဖျက်သော၊ အသရေပျက်အောင် လုပ်ကြံပြောဆိုသော သို့မဟုတ် အသေရေပျက်စေသည့် ပုံစံတစ်ခုခုဖြစ်သော (4) ရာဇဝတ်ကျူးလွန်ခြင်းဟု ယူဆနိုင်သည့် သို့မဟုတ် တရားမရေးရာ ပေးရန်တာဝန် ဥပဒေကို ဖြစ်ပေါ်စေသော မည်သည့်အပြုအမူကိုမဆို အားပေးသော၊ (5) အခြားသူတစ်ဦးဦး၏ မူပိုင်ခွင့် သို့မဟုတ် အခြားပိုင်ဆိုင်မှုအခွင့်အရေးကို ချိုးဖောက်သော၊ (6) အခြားသုံးစွဲသူတစ်ဦးဦး၏ ကိုယ်ရေးလုံခြုံမှုကို ဝင်ရောက်စွက်ဖက်သော၊ (7) ဗိုင်းရပ်စ်တစ်ခု သို့မဟုတ် အခြားအန္တရာယ်ရှိသော အစိတ်အပိုင်းတစ်ခုခု ပါရှိသော သို့မဟုတ် (8) မှားယွင်းသော သို့မဟုတ် အထင်လွဲမှားစေသော အချက်အလက် ထုတ်ပြန်ချက်များ သို့မဟုတ် ဆက်သွယ်မှုများ၏ မူရင်း ဖော်ပြချက်များ ပါရှိသော မည်သည့်ဆက်သွယ်မှုကိုမဆို ဤဝဘ်ဆိုက်မှတစ်ဆင့် ပို့စ်တင်ခြင်း၊ ပေးပို့ခြင်း၊ တစ်ဆင့်ပေးပို့ခြင်း၊ အပ်လုဒ်တင်ခြင်း သို့မဟုတ် အခြားတစ်နည်းအားဖြင့် ထုတ်ဝေခြင်း မပြုရန် သဘောတူပါသည်။ Hitachi သည် ထိုကဲ့သို့ဆက်သွယ်မှုများကို ပို့စ်တင်သော မည်သူမဆို၏ အထောက်အထားကို ထုတ်ဖော်ပြောရန် Hitachi အား တောင်းဆိုသော သို့မဟုတ် ညွှန်ကြားသော မည်သည့်တရားဥပဒေစိုးမိုးရေးအာဏာပိုင်မဆို သို့မဟုတ် တရားရုံးအမိန့်မဆိုနှင့် အပြည့်အဝပူးပေါင်းဆောင်ရွက်ခွင့် ရှိရမည်။ Hitachi သည် လက်မခံနိုင်သော သို့မဟုတ် မည်သည့်ပုံစံဖြင့်မဆို Hitachi ၏ မူဝါဒများကို ချိုးဖောက်သော ထိုကဲ့သို့ဆက်သွယ်မှုများ သို့မဟုတ် အခြားမည်သည့်ဆက်သွယ်မှုမဆိုကို ပြောင်းလဲရန်၊ တည်းဖြတ်ရန် သို့မဟုတ် ဖယ်ရှားရန် လုပ်ပိုင်ခွင့်ကို လက်ဝယ်ထားရှိသည်။

တစ်ဆင့်ပေးပို့ထားသော ဆက်သွယ်မှုများ

အင်တာနက်မှတစ်ဆင့် ပေးပို့မှုများသည် မည်သည့်အခါမျှ အပြည့်အဝ သီးသန့်မဖြစ်ကြောင်း သို့မဟုတ် မလုံခြုံကြောင်းနှင့် သီးခြားမက်ဆေ့ချ်တစ်ခု (ဥပမာအားဖြင့်၊ ခရက်ဒစ်ကတ်အချက်အလက်) ကို ကုဒ်ပြောင်းဝှက် (ကုဒ်ဖြင့်ပေးပို့) ထားကြောင်း အထူးသတိပေးချက်တစ်ခုမရှိလျှင် ဤဝဘ်ဆိုက်သို့ သင်က တစ်ဆင့်ပေးပို့သော သို့မဟုတ် ပို့စ်တင်ထားသော မည်သည့်ဆက်သွယ်မှုကိုမဆို အခြားသူများ ဖတ်နိုင်ကြောင်း သို့မဟုတ် ကြားဖြတ်ယူနိုင်ကြောင်း သင်နားလည်ပြီး အသိအမှတ်ပြုပါသည်။ Hitachi သည် ထိုကဲ့သို့ဆက်သွယ်မှုများနှင့်စပ်လျဉ်း၍ မည်သည့်တာဝန်မျှ မရှိရကြောင်းကိုလည်း သင်အသိအမှတ်ပြုပါသည်။

အခြားဝဘ်ဆိုက်များအတွက် လင့်ခ်များ

ဤဝဘ်ဆိုက်တွင် ကမ္ဘာလုံးဆိုင်ရာ ဝဘ်ပေါ်ရှိ အခြားပြင်ပအဖွဲ့အစည်း ဝဘ်ဆိုက်များအတွက် လင့်ခ်များ ပါရှိနိုင်သည်။ သို့ရာတွင် ဤဝဘ်ဆိုက်မှ ထိုကဲ့သို့ အခြားပြင်ပအဖွဲ့အစည်း ဝဘ်ဆိုက်များအတွက် ဤလင့်ခ်များကို သင်အဆင်ပြေစေရန်အတွက်သာ ပံ့ပိုးပေးထားသည်။ ဤလင့်ခ်များကို သင်အသုံးပြုပါက မည်သည့်အချိန်တွင်မဆို သင်သည် ဤဝဘ်ဆိုက်မှ ထွက်သွားမည်ဟု ယူဆရမည်။ Hitachi သည် ဤဝဘ်ဆိုက်နှင့် လင့်ခ်ချိတ်ထားသော ဤပြင်ပအဖွဲ့အစည်း ဝဘ်ဆိုက်များအားလုံးကို သုံးသပ်မထား၍ ဤဝဘ်ဆိုက်များ သို့မဟုတ် ၎င်းတို့၏ အကြောင်းအရာများကို မထိန်းချုပ်သလို ၎င်းတို့အတွက်လည်း တာဝန်မရှိပါ။ ထို့ကြောင့် Hitachi သည် ၎င်းတို့တွင်တွေ့ရသည့် အချက်အလက်များ၊ ဆော့ဖ်ဝဲ သို့မဟုတ် အခြားထုတ်ကုန်များ သို့မဟုတ် ပစ္စည်းများအပါအဝင် ကန့်သတ်မထားသော ဤဝဘ်ဆိုက်များ သို့မဟုတ် ၎င်းတို့၏ အကြောင်းအရာများနှင့် ၎င်းတို့ကို အသုံးပြုခြင်းမှ ရရှိနိုင်သောမည်သည့်ရလဒ်မဆိုနှင့်စပ်လျဉ်း၍ ထောက်ခံချက်ပေးခြင်း၊ အကြံပြုခြင်း သို့မဟုတ် ကိုယ်စားပြုမှုများ သို့မဟုတ် အာမခံချက်များ ပြုလုပ်ခြင်း မရှိ၍ အလားတူအရာများအတွက် တာဝန်မရှိပါ။ ထိုကဲ့သို့ပြင်ပအဖွဲ့အစည်း ဝဘ်ဆိုက်များနှင့် သင်၏ ချိတ်ဆက်မှုသည် သင့်ဘာသာ တာဝန်ယူ၍ သင့်ကိုယ်ပိုင် ကုန်ကျစရိတ်များဖြင့် ဖြစ်သည်။ သံသယကင်းရှင်းစေရန်အတွက် “အခြားပြင်ပအဖွဲ့အစည်း အင်တာနက် ဝဘ်ဆိုက်များ” သည် ဤဝဘ်ဆိုက်မှလွဲ၍ အခြားမည်သည့်ဝဘ်ဆိုက်ကိုမဆို ဆိုလိုရမည်။

ရှင်းလင်းချက်

သင်သည် သင့်ဘာသာ တာဝန်ယူ၍ ဤဝဘ်ဆိုက်ကို အသုံးပြုခဲ့ခြင်းသာဖြစ်သည်။ ဤဝဘ်ဆိုက်နှင့် ဤဝဘ်ဆိုက်မှတစ်ဆင့် ရရှိနိုင်အောင်ပြုလုပ်ထားသော သို့မဟုတ် ဝင်ရောက်သုံးစွဲထားသော အကြောင်းအရာအားလုံးကို ရောင်းဝယ်နိုင်မှု၊ သီးခြားရည်ရွယ်ချက်တစ်ခုအတွက် ကိုက်ညီမှု သို့မဟုတ် ဉာဏပစ္စည်းမူပိုင်ခွင့်ကို မချိုးဖောက်မှုဆိုင်ရာ အာမခံချက်များအပါအဝင် မည်သည့်အာမခံချက်အမျိုးအစားမျှ မရှိဘဲ “အရှိအတိုင်း” ပံ့ပိုးပေးထားသည်။ Hitachi သည် မည်သည့်ရည်ရွယ်ချက်မဆိုအတွက် ဤဝဘ်ဆိုက်ရှိ အကြောင်းအရာများ၏ တိကျမှု၊ ပြည့်စုံမှု သို့မဟုတ် သင့်လျော်မှုနှင့်ပတ်သက်၍ ကိုယ်စားပြုမှုများ သို့မဟုတ် အာမခံချက်များ မပြုလုပ်ပါ။ ဤဝဘ်ဆိုက်ရှိ အကြောင်းအရာများကို သင်၏ အသုံးပြုမှုသည် Hitachi မှ မပိုင်ဆိုင်သော သို့မဟုတ် ၎င်းနှင့်မပေါင်းစည်းထားသော ပြင်ပအဖွဲ့အစည်းများ၏ အခွင့်အရေးတစ်ခုခုကို ချိုးဖောက်မည်မဟုတ်ကြောင်း Hitachi က ကိုယ်စားပြုခြင်း သို့မဟုတ် အာမခံခြင်း မရှိပါ။ ဤဝဘ်ဆိုက်ရှိ အကြောင်းအရာများသည် အပ်ဒိတ်ဖြစ်ချင်မှ ဖြစ်နိုင်မည်ဖြစ်ပြီး Hitachi သည် ဤဝဘ်ဆိုက်ရှိ အကြောင်းအရာများကို အပ်ဒိတ်လုပ်ရန် ကတိကဝတ် မပြုလုပ်ပါ။ Hitachi သည် အသိမပေးဘဲ ဤဝဘ်ဆိုက်ရှိ အကြောင်းအရာများတွင် ပြောင်းလဲမှုများ အချိန်မရွေး ပြုလုပ်နိုင်သည်။ ဤဝဘ်ဆိုက်တွင်ထုတ်ဝေထားသော အကြောင်းအရာများသည် သင့်နိုင်ငံတွင် မရရှိနိုင်သော ထုတ်ကုန်များ၊ ပရိုဂရမ်များ သို့မဟုတ် ဝန်ဆောင်မှုများကို ရည်ညွှန်းနိုင်သည်။ သင်စိတ်ဝင်စားနိုင်သည့် ဤဝဘ်ဆိုက်ရှိ ထုတ်ကုန်များ၊ ပရိုဂရမ်များနှင့် ဝန်ဆောင်မှုများနှင့်ပတ်သက်သော အချက်အလက်များအတွက် သင်၏ ဒေသတွင်း Hitachi လုပ်ငန်းအဆက်သွယ်ထံ ဆက်သွယ်မေးမြန်းပါ။

ပေးရန်တာဝန် ကန့်သတ်ခြင်း

HITACHI ၏ ပေါ့ဆမှုအပါအဝင် ကန့်သတ်မထားသော မည်သည့်အခြေအနေတွင်မဆို HITACHI၊ ၎င်း၏ ပစ္စည်းပေးသွင်းသူများ သို့မဟုတ် ဤဝဘ်ဆိုက်တွင်ဖော်ပြထားသော အခြားပြင်ပအဖွဲ့အစည်းများသည် အာမခံချက်၊ စာချုပ်၊ တရားမနစ်နာမှု သို့မဟုတ် အခြားတစ်ခုခုပေါ်အခြေခံ၍ဖြစ်စေ၊ HITACHI၊ ၎င်း၏ ပစ္စည်းပေးသွင်းသူများ သို့မဟုတ် ဤဝဘ်ဆိုက်တွင်ဖော်ပြထားသော အခြားပြင်ပအဖွဲ့အစည်းများ သို့မဟုတ် ၎င်းတို့၏ သက်ဆိုင်ရာ ခွင့်ပြုချက်ရ ကိုယ်စားလှယ်(များ)အား ထိုကဲ့သို့ပျက်စီးမှုများ၏ ဖြစ်နိုင်ခြေကို အသိပေးထားသည်ဖြစ်စေ၊ မပေးထားသည်ဖြစ်စေ ဤဝဘ်ဆိုက်နှင့် ဤဝဘ်ဆိုက်နှင့်လင့်ခ်ချိတ်ထားသော မည်သည့်ဝဘ်ဆိုက်မဆိုကို (1) အသုံးပြုမှု၊ (2) အသုံးပြုရန် မရရှိနိုင်မှု၊ (3) အသုံးပြုခြင်း၏ ရလဒ်များ၊ (4) ဤဝဘ်ဆိုက်နှင့် ဤဝဘ်ဆိုက်နှင့်လင့်ခ်ချိတ်ထားသော မည်သည့်ဝဘ်ဆိုက်မဆိုတွင်ပါရှိသော အကြောင်းအရာများ သို့မဟုတ် (5) ဤဝဘ်ဆိုက်၏ အကြောင်းအရာများရှိ မှားယွင်းချက်များ သို့မဟုတ် ချန်လှပ်မှုများမှ ပေါ်ပေါက်လာသည့် တိုက်ရိုက်ဖြစ်သော၊ တိုက်ရိုက်မဟုတ်သော၊ အကျိုးဆက်ဖြစ်သော၊ မတော်တဆဖြစ်သော၊ ပြင်းထန်သော သို့မဟုတ် အထူးဖြစ်သော ပျက်စီးမှုများ (ဒေတာ သို့မဟုတ် အကျိုးအမြတ် ဆုံးရှုံးခြင်းအပါအဝင် ကန့်သတ်မထားသည်များ) အတွက် ပေးရန်တာဝန်ရှိမည်မဟုတ်ပါ။ ဤဝဘ်ဆိုက်မှ အကြောင်းအရာများကို သင်၏ အသုံးပြုမှုကြောင့် ပစ္စည်းကိရိယာ သို့မဟုတ် ဒေတာကို ပြင်ဆင်ထိန်းသိမ်းခြင်း၊ ပြုပြင်ခြင်း သို့မဟုတ် ပြင်ဆင်ခြင်း လုပ်ဆောင်ရန် လိုအပ်ပါက သင်သည် ယင်း၏ ကုန်ကျစရိတ်အားလုံးကို တာဝန်ယူရမည်။ တရားစီရင်ပိုင်ခွင့်နယ်မြေအချို့တွင် သက်ဆိုင်ရာဥပဒေသည် မတော်တဆ သို့မဟုတ် အကျိုးဆက် ပျက်စီးမှုများကို ချန်လှပ်မှု သို့မဟုတ် ကန့်သတ်မှုကို ခွင့်မပြုနိုင်သောကြောင့် အထက်ဖော်ပြပါ ကန့်သတ်ချက် သို့မဟုတ် ချန်လှပ်မှုသည် သင်နှင့် မသက်ဆိုင်နိုင်ပါ။

လျော်ကြေးပေးခြင်း

သင်သည် ဤစည်းမျဉ်းများ သို့မဟုတ် အထက်ဖော်ပြပါ ကိုယ်စားပြုမှုများ၊ အာမခံချက်များနှင့် ပဋိညာဉ်စာချုပ်များကို သင်၏ ချိုးဖောက်မှုမှ ပေါ်ပေါက်လာသော မည်သည့်အရေးဆိုမှုမဆိုနှင့်ဆက်စပ်၍ လျော်ကြေးပေးရမည့်အဖွဲ့များမှ ကျသင့်သော ပေးရန်တာဝန်နှင့် ကုန်ကျစရိတ်များ (ရှေ့နေခများနှင့် ကုန်ကျစရိတ်များအပါအဝင် ကန့်သတ်မထားသည်များ) မှန်သမျှနှင့် အားလုံးအတွက် Hitachi နှင့် ၎င်း၏ ကိုယ်စားလှယ်များ၊ ဒါရိုက်တာများ၊ အရာရှိများ၊ ဝန်ထမ်းများ၊ အချက်အလက်နှင့် ဝန်ဆောင်မှု ပံ့ပိုးပေးသူများနှင့် လိုင်စင်ပေးသူများနှင့် လိုင်စင်ရရှိသူများ (စုစည်း၍ “လျော်ကြေးပေးရမည့် အဖွဲ့များ”) အား လျော်ကြေးပေးရန်၊ ခုခံကာကွယ်ရန်နှင့် ထိုပေးရန်တာဝန်မှန်သမျှမှ ကင်းလွတ်ခွင့်ပေးရန် သင်သဘောတူသည်။ သင်သည် Hitachi ၏ အရေးဆိုမှု ခုခံကာကွယ်ခြင်းတွင် ကျိုးကြောင်းသင့်စွာလိုအပ်သည့်အတိုင်း အပြည့်အဝ ပူးပေါင်းဆောင်ရွက်ရမည်။ Hitachi သည် သင် လျော်ကြေးပေးရမည့် မည်သည့်ကိစ္စရပ်မဆို၏ အထူးသီးသန့် ခုခံကာကွယ်မှုနှင့် ထိန်းချုပ်မှုကို ၎င်း၏ ကိုယ်ပိုင်စရိတ်ဖြင့် တာဝန်ယူခွင့်ကို လက်ဝယ်ထားရှိပြီး သင်သည် Hitachi ၏ သဘောတူညီချက်စာမရှိဘဲ မည်သည့်အခြေအနေတွင်မဆို မည်သည့်ကိစ္စရပ်ကိုမျှ ကျေအေးခြင်းမပြုရပါ။

ပို့ကုန် ထိန်းချုပ်မှု

သင်သည် အမေရိကန်ပြည်ထောင်စု ပို့ကုန်ဥပဒေများနှင့် စည်းမျဉ်းများအပါအဝင် ကန့်သတ်မထားသော သက်ဆိုင်ရာ ပို့ကုန်ထိန်းချုပ်မှု ဥပဒေ သို့မဟုတ် စည်းမျဉ်း တစ်ရပ်ရပ်ကို ချိုးဖောက်၍ ဤဝဘ်ဆိုက်တွင်ပို့စ်တင်ထားသော အကြောင်းအရာများ သို့မဟုတ် ယင်း၏ မိတ္တူ သို့မဟုတ် လိုက်လျောညီထွေဖြစ်အောင် ပြုပြင်မှုကို အသုံးပြုခြင်း သို့မဟုတ် တင်ပို့ခြင်း သို့မဟုတ် ပြန်လည်တင်ပို့ခြင်း မပြုနိုင်ပါ။

ဤစည်းမျဉ်းများ သို့မဟုတ် ဝဘ်ဆိုက်အကြောင်းအရာများကို ပြောင်းလဲမှု

Hitachi သည် ဤစည်းမျဉ်းများ သို့မဟုတ် ဤဆိုက်တွင်ပို့စ်တင်ထားသော အခြားစည်းမျဉ်းများ၏ မည်သည့်အပိုင်းကိုမဆို ထည့်ခြင်း၊ ပြောင်းလဲခြင်း သို့မဟုတ် ဖယ်ရှားခြင်း သို့မဟုတ် အခြားတစ်နည်းအားဖြင့် ပြင်ဆင်ခြင်းတို့ကို အချိန်မရွေး ကြိုတင်အသိမပေးဘဲ ပြုလုပ်နိုင်သည်။ ဤစည်းမျဉ်းများ သို့မဟုတ် ဤဝဘ်ဆိုက်တွင်ပို့စ်တင်ထားသော အခြားမည်သည့်စည်းမျဉ်းကိုမဆို ပြောင်းလဲမှုမှန်သမျှသည် ၎င်းတို့ကို ဤဝဘ်ဆိုက်တွင် ပို့စ်တင်လိုက်သည်နှင့်တစ်ပြိုင်နက် စတင်ကျင့်သုံး၊ အကျိုးသက်ရောက်မှုရှိရမည်။ Hitachi သည် ဤဝဘ်ဆိုက်တွင်ဖော်ပြထားသော သို့မဟုတ် သရုပ်ဖော်ထားသော ထုတ်ကုန်လုပ်ဆောင်ချက်များနှင့် သတ်မှတ်ချက်များအပါအဝင် ဤဝဘ်ဆိုက်တွင်ပို့စ်တင်ထားသော မည်သည့်အကြောင်းအရာကိုမဆို ယာယီဖြစ်စေ၊ အပြီးတိုင်ဖြစ်စေ၊ အချိန်မရွေး၊ အသိမပေးဘဲ၊ ပေးရန်တာဝန်မရှိဘဲ ထည့်ခြင်း၊ ပြောင်းလဲခြင်း၊ ရပ်ဆိုင်းခြင်း၊ ဖယ်ရှားခြင်း သို့မဟုတ် ဆိုင်းငံ့ခြင်း ပြုလုပ်နိုင်သည်။ အထက်ဖော်ပြပါ အပြောင်းအလဲများကို ပို့စ်တင်ပြီးနောက် ဤဝဘ်ဆိုက်ကို ဆက်လက်အသုံးပြုခြင်းဖြင့် သင်သည် ထိုအပြောင်းအလဲများကို လက်ခံကြောင်း ညွှန်ပြသည်။

ဤစည်းမျဉ်းများ၏ ပြဋ္ဌာန်းချက်အချို့ကို ဤဝဘ်ဆိုက်ရှိ သီးခြားစာမျက်နှာများတွင် ဖော်ပြထားသော အတိအလင်းသတ်မှတ်ထားသည့် တရားဥပဒေဆိုင်ရာ သတိပေးချက်များ သို့မဟုတ် စည်းမျဉ်းများဖြင့် အစားထိုးနိုင်ပါသည်။

သင်သည် ဤဝဘ်ဆိုက်ပေါ်တွင် သို့မဟုတ် ဤဝဘ်ဆိုက်အတွင်းရှိ မည်သည့်ဝဘ်ဆိုက်ခွဲတွင်မဆို ရည်ညွှန်းထားသော နောက်ထပ် မည်သည့် စည်းမျဉ်းများကိုမဆို လိုက်နာရန် သဘောတူသည်။

ဤဝဘ်ဆိုက်ပေါ်တွင်တင်ထားသော အခြားစည်းမျဉ်းများနှင့်အတူ ဤစည်းမျဉ်းများသည် ဤဝဘ်ဆိုက်ကို သင်အသုံးပြုခြင်းနှင့်စပ်လျဉ်း၍ Hitachi နှင့် သင့်အကြား အလုံးစုံ သဘောတူညီချက်တစ်ရပ်ကို ဖြစ်စေသည်။ ဤဝဘ်ဆိုက်ကို သင်၏အသုံးပြုမှုနှင့်စပ်လျဉ်း၍ အရေးယူရန်ကိစ္စတစ်ခုခု ရှိခဲ့သည်ရှိသော် ထိုကိစ္စကို စတင်ပြောဆိုသည့်ရက် သို့မဟုတ် ထိုကိစ္စ စတင်ဖြစ်ပွားသည့်ရက်မှ (1) နှစ်အတွင်း အရေးယူခြင်းကိစ္စကို စတင်ရမည်။ အခွင့်အာဏာရ တရားစီရင်ပိုင်ခွင့်ရှိသည့် တရားရုံးက ဤစည်းမျဉ်းများ သို့မဟုတ် ယင်းအပိုင်း၏ ပြဋ္ဌာန်းချက်တစ်ရပ်ရပ်ကို အကြောင်းတစ်ခုခုကြောင့် သတ်မှတ်ပြဋ္ဌာန်းရန် မဖြစ်နိုင်ကြောင်း တွေ့ရှိပါက၊ ဤစည်းမျဉ်းများ၏ ရည်ရွယ်ချက်ဖြစ်မြောက်စေရန်အတွက် အဆိုပါပြဋ္ဌာန်းချက်ကို ခွင့်ပြုနိုင်သည့် အမြင့်ဆုံးအတိုင်းအတာအထိ ကျင့်သုံးမည်ဖြစ်ပြီး ကျန်ရှိသော စည်းမျဉ်းများသည် အပြည့်အဝ အာဏာတည်၍ သက်ရောက်မှုရှိမည်ဖြစ်သည်။

တည်ဆဲဥပဒေများ

ဥပဒေများ ကွဲလွဲမှု သဘောတရားများအပေါ် တစ်စုံတစ်ရာအကျိုးသက်ရောက်မှုမရှိစေဘဲ ဤစည်းမျဉ်းများကို မြန်မာနိုင်ငံဥပဒေများနှင့်အညီ ထိန်းချုပ်၍ အဓိပ္ပါယ်ဖွင့်ဆိုထားခြင်းဖြစ်သည်။

Related Links