Skip to main content

Hitachi

Arçelik Hitachi Home Appliances Sales (Singapore) Pte. Ltd.Myanmar

ဝက်ဘ်ဆိုက် ကိုယ်ရေးလုံခြုံမှုဆိုင်ရာ အသိပေးချက်

Arçelik-Hitachi က ကြိုဆိုပါသည်။ ကျွန်ုပ်တို့၏ ကိုယ်ရေးလုံခြုံမှုဆိုင်ရာ အသိပေးချက်တွင်-

  • ကျွန်ုပ်တို့၏ ဝက်ဘ်ဆိုက်ဖြစ်သော https://www.hitachi-homeappliances.com/mm-mm/
  • ကျွန်ုပ်တို့က သင် (သို့မဟုတ် သင်အလုပ်လုပ်သည့်ကုမ္ပဏီ) နှင့် လုပ်ငန်းမိတ်ဖက်များအဖြစ်စာချုပ်ချုပ်ဆိုသည့်နေရာနှင့်
  • သင် (သို့မဟုတ် သင်အလုပ်လုပ်သည့်ကုမ္ပဏီ) က ကျွန်ုပ်တို့ထံ ဝန်ဆောင်မှုများ ပံ့ပိုးပေးသည့်နေရာ ဖြစ်ပါသည်။

သင် အပြည့်အဝသိရှိကြောင်းသေချာစေရန် သင့်အနေဖြင့် ဤကိုယ်ရေးလုံခြုံမှုဆိုင်ရာ အသိပေးချက်ကို အပြည့်အစုံဖတ်ရှုရန် ကျွန်ုပ်တို့ အကြံပြုအပ်ပါသည်။ သို့သော် သင်က အဆိုပါအသိပေးချက်၏ သီးခြားကဏ္ဍတစ်ခုကိုသာ ဝင်ရောက်ကြည့်ရှုလိုပါက အောက်ပါခေါင်းစီးပေါ် တွင် သင်နှိပ်နိုင်ပြီး ထိုခေါင်းစဉ်အတွက် အချက်အလက်များကို ဝင်ရာက်ကြည့်ရှုနိုင်သည်။

ကျွန်ုပ်တို့အကြောင်း။

ကျွန်ုပ်တို့က "Arçelik-Hitachi", "ကျွန်ုပ်တို့" "ကျွန်ုပ်တို့၏" or "ကျွန်ုပ်တို့ကို"ဟု ရည်ညွှန်းသည့်အခါ Arçelik-Hitachi IBC Co. Ltd ကို ရည်ညွှန်းခြင်း ဖြစ်ပါသည်။ ကျွန်ုပ်တို့သည် Arçelik Group ၏ အဖွဲ့ဝင်တစ်ဦးလည်း ဖြစ်ပါသည်။ Arçelik Group နှင့်ပတ်သက်သည့် နောက်ထပ်အချက်အလက်များကို Arçelik ၏ ဝက်ဘ်ဆိုက်ဖြစ်သော ဤနေရာ တွင် ကြည့်ရှုနိုင်သည်။

ကျွန်ုပ်တို့၏ မိခင်(ပင်မ)ကုမ္ပဏီဖြစ်သော Arçelik A.S. ၏ လုပ်ငန်းဆောင်ရွက်ချက်များနှင့် ပတ်သက်၍ သင့်တွင် မေးမြန်းစရာများရှိပါက ၎င်းတို့၏ ကိုယ်ရေးလုံခြုံမှုဆိုင်ရာ မူဝါဒကို ဤနေရာ တွင်ကြည့်ရှုနိုင်သည်။

ကျွန်ုပ်တို့ထံသို့ မည်သို့ ဆက်သွယ်မည်နည်း။

သင့်ကိုယ်ရေးဒေတာများကို ကျွန်ုပ်တို့ အသုံးပြုပုံ သို့မဟုတ် ယေဘုယျအားဖြင့် ဤကိုယ်ရေးလုံခြုံမှုဆိုင်ရာ အသိပေးချက်နှင့်ပတ်သက်၍ သင့်တွင် မေးမြန်းလိုသည်များရှိပါက ကျေးဇူးပြု၍ ဤဖောင်ကို အသုံးပြု၍ ကျွန်ုပ်တို့ထံသို့ ဆက်သွယ်ပါ။

ကျွန်ုပ်တို့က သင့်ကိုယ်ရေးဒေတာကို မည်သည့်အချိန်တွင် စုစည်းရယူသနည်း။

  • သင်က အထွေထွေ စုံစမ်းမေးမြန်းမှုများ သို့မဟုတ် လူထုဆက်ဆံရေးဆိုင်ရာ စုံစမ်းမေးမြန်းမှုများ ပြုလုပ်ရန် ကျွန်ုပ်တို့ထံ ဆက်သွယ်သည့်အခါ။
  • သင်က ကျွန်ုပ်တို့၏ ဝက်ဘ်ဆိုက်ကို ဝင်ကြည့်သည့်အခါ ကျွန်ုပ်တို့သည် ကွတ်ကီးများနှင့် အလားတူနည်းပညာများမှတစ်ဆင့် အချက်အလက်များကို အလိုအလျောက် သိမ်းဆည်းသည်။ ကျွန်ုပ်တို့၏ ဝက်ဘ်ဆိုက်ကို ဝင်ကြည့်သည့်အခါ ၎င်းတို့ကို သင်စီမံနိုင်သည်။ နောက်ထပ်အချက်အလက်များသိရှိနိုင်ရန်အတွက် ကျွန်ုပ်တို့၏ ကွတ်ကီး အသိပေးချက် ကို ကြည့်ပါ။
  • လုပ်ငန်းမိတ်ဖက်များအဖြစ် စာချုပ်ချုပ်ဆိုခြင်း သို့မဟုတ် ကျွန်ုပ်တို့ထံ ဝန်ဆောင်မှုများပံ့ပိုးပေးရန် ကျွန်ုပ်တို့က သင်နှင့် ချိတ်ဆက်ဆောင်ရွက်လျှင်ကဲ့သို့ ကျွန်ုပ်တို့၏ စီးပွားရေးဆိုင်ရာ ဆွေးနွေးမှုများပြုလုပ်နေစဉ်အတွင်း။
  • ကျွန်ုပ်တို့သည် သင်၏ လုပ်ဖော်ကိုင်ဖက်များမှတစ်ဆင့် သို့မဟုတ် ရရှိနိုင်လျှင် လုပ်ငန်းခွင်ဆိုင်ရာ ကွန်ရက်ချိတ်ဆက် ဝက်ဘ်ဆိုက်များနှင့် အထွေထွေဈေးကွက်ဆိုင် ရာသုတေသနကဲ့သို့ လူသိရှင်ကြား လူအများရရှိနိုင်သောရင်းမြစ်များမှတစ်ဆင့် သင့်အကြောင်းနှင့်ပတ်သက်သည့် ကိုယ်ရေးဒေတာများကို စုစည်းရယူနိုင်သည်။

မည်သည့်ကိုယ်ရေးဒေတာအမျိုးအစားများကို ကျွန်ုပ်တို့စုစည်းရယူသနည်း။

ကျွန်ုပ်တို့က ဤကိုယ်ရေးလုံခြုံမှုဆိုင်ရာ အသိပေးချက်တွင် "ကိုယ်ရေးဒေတာ" အကြောင်း ပြောသည့်အခါ သင့်အား မည်သူမည်ဝါဖြစ်ကြောင်း ခွဲခြားဖော်ထုတ်ရန် သီးသန့်ဖြစ်စေ အခြားအချက်အလက်များနှင့်ပေါင်းစပ်၍ဖြစ်စေ အသုံးပြုနိုင်သော မည်သည့်အချက်အလက်များကိုမဆို ဆိုလိုသည်။
ကျွန်ုပ်တို့စုစည်းရယူသည့် အချက်အလက်အမျိုးအစားများကို အောက်တွင် ဖော်ပြထားသည်-

  • ကျွန်ုပ်တို့၏ စာချုပ် အဆင်ပြေချောမွေ့စွာ ချုပ်ဆိုနိုင်ကြောင်း သေချာစေရန် ကျွန်ုပ်တို့သည် ကျွန်ုပ်တို့၏ လုပ်ငန်းမိတ်ဖက်များနှင့် ဝန်ဆောင်မှုပေးသူများ ထံမှ အချက်အလက်အနည်းငယ်ကို လိုအပ်သည်။ ဥပမာအားဖြင့် ကျွန်ုပ်တို့က သင်နှင့် ဆက်သွယ်ပြောဆိုနိုင်ရန် (အမည်များ၊ ဖုန်းနံပါတ်များနှင့် အီးမေးလ်လိပ်စာများကဲ့သို့) သက်ဆိုင်ရာပုဂ္ဂိုလ်များ၏ ဆက်သွယ်ရန်အသေးစိတ်အချက်အလက်များကို လိုအပ်သည်။ သင်ပံ့ပိုးသော ဝန်ဆောင်မှုများအတွက် ကျွန်ုပ်တို့က ငွေပေးချေနိုင်ရန် (၎င်းသည် ကျွန်ုပ်တို့အကြားရှိ စာချုပ်ပါသဘောတူညီချက်များ၏ တစ်စိတ်တစ်ပိုင်းဖြစ်လျှင်) ဘဏ်ရှိသင်၏အသေးစိတ်အချက်အလက်များကဲ့သို့သော အခြားအချက်အလက်များကိုလည်း ကျွန်ုပ်တို့ လိုအပ်သည်။ သင့်အဖွဲ့အစည်းရှိ တစ်စုံတစ်ယောက်က ကျွန်ုပ်တို့ကို အခါအားလျော်စွာ ပြောပြရန် ရွေးချယ်ထားသည့် အပိုထပ်ဆောင်းအချက်အလက်များကိုလည်း ကျွန်ုပ်တို့ ထိန်းသိမ်းထားနိုင်သည်။
  • ဝက်ဘ်ဆိုက်ပေါ်တွင် ဖော်ပြထားသော အသေးစိတ်အချက်အလက်များကို အသုံးပြု၍ အီးမေးလ် (လူထုဆက်ဆံရေးဆိုင်ရာ စုံစမ်းမေးမြန်းမှုများအတွက်)၊ တယ်လီဖုန်း သို့မဟုတ် ပို့စ်မှတစ်ဆင့် သင်က ကျွန်ုပ်တို့ထံသို့ သင်ဆက်သွယ်သည့်အခါ ကျွန်ုပ်တို့နှင့် သင်၏ အပြန်အလှန်ဆက်သွယ်မှုများ၏ အသေးစိတ်အချက်အလက်များ။
  • အဆိုပါအသေးစိတ်အချက်အလက်ကို ဥပဒေက လိုအပ်ပါက သင့်အသက် သို့မဟုတ် အထောက်အထားကို သက်သေပြရန် ကျွန်ုပ်တို့ထံ သင်ပေးအပ်သော စာရွက်စာတမ်းများ၏ မိတ္တူများ။ ဥပမာအားဖြင့် သင်က သင်၏ ကိုယ်ရေးဒေတာနှင့်ဆက်စပ်၍ ကျွန်ုပ်တို့ထံ တောင်းဆိုချက်တစ်ခုပို့ပါက ကျွန်ုပ်တို့သည် သင့်အထောက်အထားကို အတည်ပြုရန် နောက်ထပ်အချက်အလက်များကို လိုအပ်နိုင်သည်။ ထို့ကြောင့် ကျွန်ုပ်တို့သည် ကျွန်ုပ်တို့ကို ပေးအပ်ရန် သင်ရွေးချယ်ထားသည့် အထောက်အထားစာရွက်စာတမ်းများတွင် ပါရှိသော ကိုယ်ရေးဒေတာများကို စီမံဆောင်ရွက်ပါမည်။
  • • ကွတ်ကီးများနှင့် အလားတူနည်းပညာများမှတစ်ဆင့် ကျွန်ုပ်တို့စုစည်းရယူသော အချက်အလက်များ။ ကျွန်ုပ်တို့အလိုအလျောက် စုစည်းရယူသည့် ဒေတာများတွင် ဝက်ဘ်ဘရောက်ဇာ သို့မဟုတ် မိုဘိုင်းစက်၏ အမျိုးအစား၊ သင့်စက် လုပ်ဆောင်ချက်စနစ်၊ သင်၏ IP လိပ်စာ၊ ဆိုက်ရောက် စာမျက်နှာနှင့် ရည်ညွှန်းသော ဝက်ဘ်ဆိုက်၏ URL၊ ဝက်ဘ်ဆိုက်သို့ သင်ဝင်ကြည့်သည့် အချိန်နှင့် ရက်စွဲနှင့် ဝက်ဘ်ဆိုက်သို့ ရောက်ရှိရန် သင်အသုံးပြုသည့် ရှာဖွေမှုစကားလုံးများ ပါဝင်သည်။ နောက်ထပ်အချက်အလက်များကိုသိရှိနိုင်ရန်အတွက် ကျွန်ုပ်တို့၏ ကွတ်ကီးဆိုင်ရာအသိပေးချက်ကို ကြည့်ပါ။

သင့်ကိုယ်ရေးဒေတာများကို စီမံဆောင်ရွက်ခြင်းအတွက် မည်သည့်တရားဝင်အခြေခံအကြောင်းရင်းများအပေါ် ကျွန်ုပ်တို့ အမှီပြုပါသနည်း။

အဆိုပါအရာများသည် ကျွန်ုပ်တို့က သင့်ကိုယ်ရေးဒေတာများကို စုစည်းရယူပြီး စီမံဆောင်ရွက်နိုင်ရခြင်းအတွက် ဒေတာကာကွယ်ရေးဆိုင်ရာ ဥပဒေအောက်ရှိ မတူညီသောအကြောင်းပြချက်အချို့ဖြစ်သည်။ အဆိုပါအရာတွင် ပါဝင်သည်မှာ-

စာချုပ်ပါတာဝန်ဝတ္တရာများကို ဆောင်ရွက်ခြင်း

အချို့အခြေအနေများတွင် ကျွန်ုပ်တို့၏ စာချုပ်ပါတာဝန်ဝတ္တရားများကို လိုက်နာရန် သင့်ကိုယ်ရေးဒေတာများကို ကျွန်ုပ်တို့ လိုအပ်သည်။ ဥပမာအားဖြင့် သင့်ထံမှ ဝန်ဆောင်မှုများရယူခြင်းနှင့်ဆက်စပ်၍ ကျွန်ုပ်တို့က သင့်ကိုယ်ရေးဒေတာများကို စီမံဆောင်ရွက်သည့်အခါ။

တရားဝင်တာဝန်ဝတ္တရားတစ်ခုကို လိုက်နာခြင်း

ဥပဒေအရလိုအပ်ပါက ကျွန်ုပ်တို့သည် သင့်ကိုယ်ရေးဒေတာများကို စုစည်းရယူပြီး စီမံဆောင်ရွက်ရန် လိုအပ်နိုင်သည်။

တရားဝင်အကျိုးစီးပွားများ

ကုမ္ပဏီတစ်ခုအနေဖြင့် ကျွန်ုပ်တို့၏ တရားဝင်အကျိုးစီးပွားများအတွက် သင့်ကိုယ်ရေးဒေတာကိုလိုအပ်ပြီး အဆိုပါဒေတာသည် သင်၏ ဒေတာကာကွယ်ရေးဆိုင်ရာ အကျိုးစီးပွားများနှင့် အခြေခံအခွင့်အရေးများထက် ကျော်လွန်ခြင်းမရှိလျှင် ကျွန်ုပ်တို့သည် သင့်ကိုယ်ရေးဒေတာများကို စီမံဆောင်ရွက်နိုင်သည်။ ဥပမာအားဖြင့် သင်နှင့် ကျွန်ုပ်တို့၏ လုပ်ငန်းဆက်ဆံရေးကို စီမံခန့်ခွဲရန် သင့်ကိုယ်ရေးဒေတာများကို ကျွန်ုပ်တို့ စီမံဆောင်ရွက်ပါမည်။

သင့်ကိုယ်ရေးဒေတာများကို ကျွန်ုပ်တို့အသုံးပြုပုံနှင့် အသုံးပြုရသည့်အကြောင်းရင်း။

ဤကဏ္ဍတွင် သင့်ကိုယ်ရေးဒေတာများကို ကျွန်ုပ်တို့အသုံးပြုပုံနှင့် အသုံးပြုရသည့်အကြောင်းရင်းကို သင့်အားပြောပြထားပြီး ကိစ္စရပ်တစ်ခုစီတွင် ကျွန်ုပ်တို့အမှီပြုသည့် တရားဝင်အခြေခံအကြောင်းရင်းကို ရှင်းပြထားသည်။ သင်က သင့်ကိုယ်ရေးဒေတာများကို ကျွန်ုပ်တို့နှင့် မမျှဝေရန် ရွေးချယ်ပါက ကျွန်ုပ်တို့သည် ကျွန်ုပ်တို့၏ လုပ်ငန်းမိတ်ဖက်/ဝန်ဆောင်မှု ပံ့ပိုးရေး ကုမ္ပဏီအဖြစ် သင်နှင့် ချိတ်ဆက်ဆောင်ရွက်၍မရနိုင်ကြောင်း မှတ်ထားပါ။

ကျွန်ုပ်တို့သည် သင့်အတွက် ကျွန်ုပ်တို့၏ စာချုပ်ပါတာဝန်ဝတ္တရားများ၏ အခြေခံအကြောင်းအရင်းပေါ်တွင်အခြေခံ၍ အောက်ပါရည်ရွယ်ချက်များအတွက် သင့်ကိုယ်ရေးဒေတာများကို စီမံဆောင်ရွက်သည်-

  • ကျွန်ုပ်တို့က ကျွန်ုပ်တို့၏ သဘောတူညီချက်များနှင့်ဆက်စပ်၍ သင်နှင့် စာချုပ်ချုပ်နိုင်ရန်အတွက် သင်၏ ဆက်သွယ်ရန် အသေးစိတ်အချက်အလက်များကို ကျွန်ုပ်တို့၏ ဒေတာဘေ့စ်တွင် သိမ်းဆည်းရန် (နှင့် လိုအပ်လျှင် အပ်ဒိတ်လုပ်ရန်)။

ကျွန်ုပ်တို့သည် ကျွန်ုပ်တို့၏ တရားဝင်တာဝန်ဝတ္တရားများကို လိုက်နာရန် အောက်ပါရည်ရွယ်ချက်များအတွက် သင့်ကိုယ်ရေးဒေတာများကို စီမံဆောင်ရွက်သည်။

  • ဥပဒေအရလိုအပ်သော သို့မဟုတ် သင့်ထံ ကျွန်ုပ်တို့ပံ့ပိုးပေးသည့် ဝန်ဆောင်မှုများ၏ အပ်ဒိတ်များအကြောင်း သင့်ကို အသိပေးရန် လိုအပ်သည့် ဝန်ဆောင်မှုဆိုင်ရာ ဆက်သွယ်အသိပေးမှုများကို သင့်ထံ ပေးပို့ရန်။ ဥပမာအားဖြင့် ကျွန်ုပ်တို့၏ ကိုယ်ရေးလုံခြုံမှုဆိုင်ရာ အသိပေးချက် သို့မဟုတ် စည်းကမ်းသတ်မှတ်ချက်များဆိုင်ရာ အပ်ဒိတ်များ။
  • ဥပဒေအရ လိုအပ်လျှင် သင့်အထောက်အထားကို အတည်ပြုရန်။

ကျွန်ုပ်တို့သည် ကျွန်ုပ်တို့၏ တရားဝင် အကျိုးစီးပွားများ၏ အခြေခံအကြောင်းအရင်းအပေါ် အခြေခံ၍ သင်၏ ကိုယ်ရေး ဒေတာများကို အောက်ပါ ရည်ရွယ် ချက်များအတွက် စီမံဆောင်ရွက်ပါသည်။

  • သင်နှင့် ကျွန်ုပ်တို့၏ လုပ်ငန်းဆက်ဆံရေးကို စီမံခန့်ခွဲရန်။
  • မည်သည့်လူထုဆက်ဆံရေးဆိုင်ရာ စုံစမ်းမေးမြန်းမှုမဆိုအပါအဝင် သင့်စုံစမ်းမေးမြန်းမှုများကို တုံ့ပြန်ရန်။
  • ကျွန်ုပ်တို့၏ ဝက်ဘ်ဆိုက်တွင် သင့်ထံ သက်ဆိုင်ရာ ဝက်ဘ်ဆိုက်အကြောင်းအရာများကို ပေးပို့ရန်နှင့် သင့်အား ကျွန်ုပ်တို့ ဝန်ဆောင်ပေးသည့် အကြောင်းအရာများ၏ ထိရောက်မှုကို တိုင်းတာရန်နှင့်း နားလည်စေရန်။
  • ကျွန်ုပ်တို့၏ ဝက်ဘ်ဆိုက်ကို စီမံခန့်ခွဲရန်နှင့် ကာကွယ်ရန် (ပြဿနာ‌ရှာဖွေခြင်း၊ ဒေတာခွဲခြမ်းစိတ်ဖြာခြင်း၊ စမ်းသပ်ခြင်း၊ စနစ်ပြုပြင်ထိန်းသိမ်းခြင်း၊ ပံ့ပိုးကူညီခြင်း၊ အစီရင်ခံခြင်းနှင့် ဒေတာများကို လက်ခံခြင်း)။
  • ကျွန်ုပ်တို့၏ ဝက်ဘ်ဆိုက်၊ အကြောင်းအရာ၊ ဈေးကွက်ရှာဖွေရေးနှင့် သုံးစွဲသူအတွေ့အကြုံကို မြှင့်တင်ရန်အတွက် ဒေတာခွဲခြမ်းစိတ်ဖြာချက်များကို အသုံးပြုရန်။
  • ကျွန်ုပ်တို့၏ လုပ်ငန်းကို လိမ်လည်မှုနှင့် အခြားတရားမဝင်လုပ်ဆောင်မှုများမှ ကာကွယ်ရန်။
  • ကျွန်ုပ်တို့၏ တရားဝင်အခွင့်အရေးများကို ကာကွယ်ရန် သို့မဟုတ် ကျင့်သုံးရန်၊ ဥပမာအားဖြင့် ဥပဒေဆိုင်ရာ အငြင်းပွားမှုများရှိခဲ့လျှင် Arçelik-Hitachi ကို ကာကွယ်ခြင်း။

ကျွန်ုပ်တို့က သင့်ကိုယ်ရေးဒေတာများကို မည်သူနှင့်မျှဝေသနည်း။

ကျွန်ုပ်တို့သည် တစ်ခါတစ်ရံတွင် သင့်ကိုယ်ရေးဒေတာများကို ပြင်ပအဖွဲ့အစည်းများနှင့် မျှဝေသည်။ ကျွန်ုပ်တို့က ကိုယ်ရေးဒေတာများ မျှဝေသော ပြင်ပအဖွဲ့အစည်းများ၏ အမျိုးအစားများကို အောက်တွင်ဖော်ပြထားသည်-

အခြား Arcelik အုပ်စု ကုမ္ပဏီများ

ကျွန်ုပ်တို့သည် အဆိုပါကိုယ်ရေးလုံခြုံမှုဆိုင်ရာ အသိပေးချက်တွင် ဖော်ပြထားသည့် ရည်ရွယ်ချက်များအတွက်နှင့် အချက်အလက်များနှင့်အညီဖြစ်သော ပုံစံတစ်ခုဖြင့် သင့်ကိုယ်ရေးဒေတာများကို အသုံးပြုနိုင်သည့် တူရကီရှိ ကျွန်ုပ်တို့၏ မိခင်(ပင်မ)ကုမ္ပဏီ Arçelik A.S. အပါအဝင် Arçelik Group တွင် အဖွဲ့ဝင်ဖြစ်သော အခြားကုမ္ပဏီများနှင့် သင့်ကိုယ်ရေးဒေတာများကို မျှဝေနိုင်သည်။ အထူးသဖြင့် Arçelik A.S. သည် Arçelik Group ၏ လုပ်ငန်းကို တိုးတက်အောင်လုပ်ရာတွင်နှင့် ဒေသတွင်းစည်းမျဉ်းစည်းကမ်းများကို လိုက်နာရာတွင် ၎င်း၏ တရားဝင်အကျိုးစီးပွားများပေါ်အခြေခံ၍ ကမ္ဘာလုံးဆိုင်ရာအဆင့်တစ်ခုဖြင့် ရည်ရွယ်ချက်များကို ခွဲခြမ်းစိတ်ဖြာခြင်းနှင့် အစီရင်ခံခြင်းတို့အတွက် သင့်ကိုယ်ရေးဒေတာ အချို့ကို စီမံဆောင်ရွက်ပါမည်။ Arçelik A.S. သည် အထက်တွင်ဖော်ပြထားသော ရည်ရွယ်ချက်များနှင့်အညီနှင့် သက်ဆိုင်ရာဥပဒေက သတ်မှတ်ထားပြီး ခွင့်ပြုထားသည့်အတိုင်း ၎င်း၏ လုပ်ငန်းဆောင်ရွက်ချက်များကို တရားဥပဒေနှင့်ညီညွတ်စွာ လုပ်ဆောင်ရန် Arçelik A.S. အတွက် လိုအပ်လျှင် (ဝန်ဆောင်မှု ပံ့ပိုးရေး ကုမ္ပဏီများ၊ ကိုယ်စားလှယ်များနှင့် အစိုးရအာဏာပိုင်များနှင့် အဖွဲ့အစည်းများကဲ့သို့) ပြင်ပအဖွဲ့အစည်းများထံ သင့်ကိုယ်ရေးဒေတာများကို ထုတ်ဖော်ပြောနိုင်သည်။

ဝန်ဆောင်မှု ပံ့ပိုးရေး ကုမ္ပဏီများ

ကျွန်ုပ်တို့သည် ကျွန်ုပ်တို့နှင့် Arçelik Group ၏ အခြားအဖွဲ့ဝင်များထံ ဝန်ဆောင်မှုများ ပံ့ပိုးပေးသည့် ကုမ္ပဏီများထံ သင့်ကိုယ်ရေးဒေတာများကို ထုတ်ဖော်ပြောနိုင်သည်။ ကျွန်ုပ်တို့ လက်တွဲလုပ်ကိုင်သည့် ဝန်ဆောင်မှု ပံ့ပိုးရေး ကုမ္ပဏီအမျိုးအစားများ၏ ဥပမာများမှာ-

  • ကျွန်ုပ်တို့၏ ကိုယ်စား ကျွန်ုပ်တို့၏ ဝက်ဘ်ဆိုက်ကို စီမံဆောင်ရွက်သည့် IT ကုမ္ပဏီများ၊
  • ကျွန်ုပ်တို့၏ အဆက်အသွယ်များ ဒေတာဘေ့စ်နှင့် သင်နှင့် ကျွန်ုပ်တို့၏ ဆက်သွယ်မှုများကို ကျွန်ုပ်တို့အား ကူညီစီမံပေးသည့် ဖောက်သည်ဆက်ဆံရေး စီမံခန့်ခွဲမှုဆိုင်ရာ ကုမ္ပဏီများနှင့်
  • ကျွန်ုပ်တို့၏ ဖုန်းခေါ်စင်တာများကို လည်ပတ်ပြီး စီမံခန့်ခွဲသည့် ဖောက်သည်ဝန်ဆောင်မှု ဆိုင်ရာကုမ္ပဏီများ။

ကျွန်ုပ်တို့၏ ဝန်ဆောင်မှု ပံ့ပိုးရေး ကုမ္ပဏီများသည် သင့်ကိုယ်ရေးဒေတာများကို လျှို့ဝှက်ထားရှိရန် လိုအပ်ပြီး ကျွန်ုပ်တို့အတွက် ၎င်းတို့ဆောင်ရွက်ပေးနေသည့် ဝန်ဆောင်မှုများကို ဆောင်ရွက်ရန်မှတစ်ပါး အခြားမည်သည့်ရည်ရွယ်ချက်အတွက်မှ ၎င်းတို့ကို အသုံးပြုရန် ခွင့်မပြုပါ။

ဥပဒေအရလိုအပ်လျှင် ပြင်ပအဖွဲ့အစည်းများ

တရားဝင် တာဝန်ဝတ္တရားတစ်ခု သို့မဟုတ် တရားစီရင်ရေး အာဏာပိုင်တစ်ဦး၊ အစိုးရအာဏာပိုင်တစ်ဦး သို့မဟုတ် အစိုးရအဖွဲ့အစည်းတစ်ခု၏ ဆုံးဖြတ်ချက်ကို လိုက်နာရန်လိုအပ်လျှင်ဖြစ်စေ၊ နိုင်ငံတော်လုံခြုံရေး၊ ဥပဒေစိုးမိုးရေး သို့မဟုတ် အခြားအရေးကြီးသော ပြည်သူ့အကျိုးစီးပွားဆိုင်ရာကိစ္စရပ်များအတွက် ထုတ်ဖော်ပြောခြင်းကို လိုအပ်လျှင်ဖြစ်စေ ကျွန်ုပ်တို့သည် သင့်ကိုယ်ရေးဒေတာများကို ပြင်ပအဖွဲ့အစည်းတစ်ခုထံ ထုတ်ဖော်ပြောနိုင်သည်။

ကျွမ်းကျင်သော အကြံပေးများ

ကျွန်ုပ်တို့သည် ကိုယ်ရေးဒေတာများကို ရှေ့နေ့များ၊ စာရင်းစစ်များနှင့် အာမခံကုမ္ပဏီများကဲ့သို့ ကျွမ်းကျင်သောအကြံပေးများထံ ၎င်းတို့က ကျွန်ုပ်တို့ကို ကျွမ်းကျင်ပညာရှင်ဆိုင်ရာ ဝန်ဆောင်မှုများပံ့ပိုးပေးသည့် ကာလတစ်လျှောက်တွင် လိုအပ်သလို ထုတ်ဖော်ပြောနိုင်သည်။

လုပ်ငန်းရောင်းချခြင်းနှင့်ဆက်စပ်၍ ပြင်ပအဖွဲ့အစည်းများ

ကျွန်ုပ်တို့က ပိုင်ဆိုင်မှုများ ရောင်းချခြင်း သို့မဟုတ် လွှဲပြောင်းခြင်းပြုလုပ်လျှင်ဖြစ်စေ၊ လုပ်ငန်းပေါင်းစည်းခြင်း သို့မဟုတ် လုပ်ငန်း / ပိုင်ဆိုင်မှု လွှဲပြောင်းခြင်းတွင် အခြားတစ်နည်းအားဖြင့် ပါဝင်ပတ်သက်လျှင်ဖြစ်စေ ကျွန်ုပ်တို့သည် အဆိုပါအရောင်းအဝယ်၏ တစ်စိတ်တစ်ဒေသအဖြစ် ပြင်ပအဖွဲ့အစည်းတစ်ခု သို့မဟုတ်၎င်းအဖွဲ့အစည်းတစ်ခုအထက်ထံသို့ သင့်ကိုယ်ရေးဒေတာများကို လွှဲပြောင်းနိုင်သည်။ ကျွန်ုပ်တို့၏ လုပ်ငန်းတွင် ပြောင်းလဲမှုတစ်ခု ဖြစ်ပေါ်လျှင် ပိုင်ရှင်အသစ်များသည် အဆိုပါကိုယ်ရေးလုံခြုံမှုဆိုင်ရာ အသိပေးချက်တွင် ဖော်ပြထားသည့် တူညီသောနည်းလမ်းအတိုင်း သင့်ကိုယ်ရေးဒေတာများကို အသုံးပြုနိုင်သည်။

သင့်သဘောတူညီချက်ဖြင့် အခြားပြင်ပအဖွဲ့အစည်းများ

ယင်းကဲ့သို့မျှဝေခြင်းကို သင်သဘောတူညီသည့်အခါ ကျွန်ုပ်တို့သည်သင့်ကိုယ်ရေးဒေတာများကို အခြားပြင်ပအဖွဲ့အစည်းများနှင့်လည်း မျှဝေနိုင်သည်။

သင့်ကိုယ်ရေးဒေတာများကို နိုင်ငံတကာသို့ လွှဲပြောင်းခြင်းများ။

ကျွန်ုပ်တို့က သင့်ကိုယ်ရေးဒေတာများကို ကျွန်ုပ်တို့၏ အဖွဲ့ဝင်ကုမ္ပဏီများ သို့မဟုတ် ကျွန်ုပ်တို့နှင့် စာချုပ်ချုပ်ဆိုသည့် အခြားကုမ္ပဏီများ ('သင့်ကိုယ်ရေးဒေတာများကို ကျွန်ုပ်တို့က မည်သူနှင့်မျှဝေသနည်း။'တွင် ဖော်ပြထားသည့်အတိုင်း)နှင့် မျှဝေသည့်အခါ အဆိုပါကုမ္ပဏီများသည် သင်နေထိုင်ရာနိုင်ငံ၏ ပြင်ပတွင်၊ သင်နေထိုင်ရာနိုင်ငံ၏ ကိုယ်ရေးဒေတာကို ကာကွယ်ခြင်းအတွက် မတူညီသော ဥပဒေများရှိသည့် နိုင်ငံများတွင် တည်ရှိနိုင်သည်။ အထူးသဖြင့် သင့်ကိုယ်ရေးဒေတာများကို Arçelik A.S. အပါအဝင် တူရကီတွင် တည်ရှိသော ကျွန်ုပ်တို့၏ အုပ်စုကုမ္ပဏီများထံ လွှဲပြောင်းနိုင်သည်။

ကျွန်ုပ်တို့က သင့်ကိုယ်ရေးဒေတာများကို သင်နေထိုင်ရာနိုင်ငံပြင်ပသို့ လွှဲပြောင်းပါက သင့်ဒေတာများကို သင်နေထိုင်ရာနိုင်ငံအတွင်း စီမံဆောင်ရွက်နေခဲ့စဉ်အချိန်နှင့်နည်းတူ တူညီသောကာကွယ်မှုအဆင့်ကို ရရှိမည်ဖြစ်ကြောင်း သေချာစေရန် လိုအပ်သည့်အဆင့်များကို ကျွန်ုပ်တို့ လုပ်ဆောင်ပါမည်။ ဥပမာအားဖြင့် သင့်ကိုယ်ရေးဒေတာများကို ကာကွယ်ရန် အကာအကွယ်များရှိကြောင်း သေချာစေရန် ပြင်ပအဖွဲ့အစည်းများ သို့မဟုတ် ကျွန်ုပ်တို့၏ အုပ်စုကုမ္ပဏီများနှင့် ချုပ်ဆိုသည့် ကျွန်ုပ်တို့၏ စာချုပ်များတွင် ဥရောပကော်မရှင်က လက်ခံကျင့်သုံးသော စံစာချုပ်ဆိုင်ရာ အပိုဒ်ငယ်များကို ကျွန်ုပ်တို့ ထည့်သွင်းနိုင်သည်။ ကျွန်ုပ်တို့ ဆောင်ရွက်ထားသည့် သီးခြားစီမံချက်များအကြောင်း နောက်ထပ်အချက်အလက်များကိုသိရှိနိုင်ရန်အတွက် 'ကျွန်ုပ်တို့ထံ မည်သို့ဆက်သွယ်ရနည်း' တွင်ရှိသော အသေးစိတ်အချက်အလက်များကို အသုံးပြု၍ ကျွန်ုပ်တို့ထံ ဆက်သွယ်ပါ။

ကျွန်ုပ်တို့သည် လုံလောက်သော ဒေတာကာကွယ်မှုအဆင့်ကို မပံ့ပိုးသည့် နိုင်ငံများတွင် တည်ရှိသော ပြင်ပအဖွဲ့အစည်းမျာထံ သင့်ကိုယ်ရေးဒေတာများကို နောက်ထပ်လွှဲပြောင်းနိုင်ကြောင်း ကို ကျေးဇူးပြု၍သတိပြုပါ။ ထိုကဲ့သို့လွှဲပြောင်းမှုများကို သက်ဆိုင်လျှင် ဥရောပကော်မရှင် သို့မဟုတ် ဒေသတွင်းအာဏာပိုင်များက လက်ခံကျင့်သုံးသည့် စံစာချုပ်ဆိုင်ရာအပိုဒ်ငယ်များတွင် ဖော်ပြထားသော စာချုပ်ဆိုင်ရာသတ်မှတ်ချက်များအပါအဝင် သက်ဆိုင်ရာဥပဒေများနှင့်အညီ ဆောင်ရွက်ပါမည်။

ကျွန်ုပ်တို့သည် သင့်ကိုယ်ရေးဒေတာများကို အချိန်မည်မျှကြာကြာ သိမ်းဆည်းထားပါသနည်း။

ကျွန်ုပ်တို့သည် သင့်ကိုယ်ရေးဒေတာများကို အဆိုပါကိုယ်ရေးလုံခြုံမှုဆိုင်ရာ အသိပေးချက်တွင် ဖော်ပြထားသော ရည်ရွယ်ချက်များအတွက် ကျိုးကြောင်းသင့်စွာ လိုအပ်သည့်အချိန်အထိနှင့် သက်ဆိုင်ရာဥပဒေများနှင့်အညီသာ သိမ်းဆည်းထားပါမည်။ ၎င်းတွင် ဥပဒေဆိုင်ရာ၊ စာရင်းအင်း သို့မဟုတ် အစီရင်ခံခြင်းဆိုင်ရာ လိုအပ်ချက်များကို ဖြည့်ဆည်းပေးခြင်း ပါဝင်နိုင်သည်။

ကျွန်ုပ်တို့က သင့်ကိုယ်ရေးဒေတာများကို မည်ကဲ့သို့ လုံခြုံအောင်ထားသနည်း။

ကျွန်ုပ်တို့သည် သင့်ကိုယ်ရေးဒေတာများကို ဆုံးရှုံးမှု၊ တလွဲသုံးစွဲမှု သို့မဟုတ် ပြင်ဆင်မှုမှ ကာကွယ်ရန် ကျိုးကြောင်းသင့်သော ကြိုတင်ကာကွယ်မှုများကို လုပ်ဆောင်ပါမည်။ အခြားစီမံချက်များအနက် ကျွန်ုပ်တို့သည် ကုဒ်ပြောင်းဝှက်ခြင်း၊ စကားဝှက်ဖြင့် ကာကွယ်ခြင်းနှင့် ၎င်းကိုဝင်ရောက်သုံးစွဲခွင့်ကို အခြားတစ်နည်းအားဖြင့် ကန့်သတ်ခြင်းအားဖြင့် သင့်ကိုယ်ရေးဒေတာများ လုံခြုံမှုရှိရန် သေချာဆောင်ရွက်ပါသည်။

ကံမကောင်းအကြောင်းမလှးစွာဖြင့် အင်တာနက်မှတစ်ဆင့် အချက်အလက်ထုတ်လွှင့်ပေးပို့ခြင်းသည် အပြည့်အဝမလုံခြုံပါ။ ကျွန်ုပ်တို့သည် ဥပဒေက သတ်မှတ်ထားသည့်အတိုင်း သင့်ကိုယ်ရေးဒေတာများကို ကာကွယ်ရန် အကောင်းဆုံးလုပ်ဆောင်မည်ဖြစ်သော်လည်း မလုံခြုံသောနည်းလမ်းများကို အသုံးပြု၍ ကျွန်ုပ်တို့ထံ ပေးပို့သော သင့်ကိုယ်ရေးဒေတာများ၏ လုံခြုံရေးကို အာမမခံနိုင်ပါ၊ ထိုကဲ့သို့ ပေးပို့မှုမှန်သမျှအတွက် သင့်ဘာသာ သင်တာဝန်ယူရမည်။

သင့်ကိုယ်ရေးဒေတာများနှင့်ပတ်သက်သည့် သင့်အခွင့်အရေးများသည် အဘယ်အရာများဖြစ်သနည်း။

သက်ဆိုင်ရာဥပဒေများတွင် ဖော်ပြထားသော သတ်မှတ်ချက်များနှင့်အညီ ကျွန်ုပ်တို့စီမံဆောင်ရွက်သည့် သင့်ကိုယ်ရေးဒေတာများနှင့် စပ်လျဉ်း၍ သင့်တွင် အောက်ပါအခွင့်အရေးများရှိသည်-

  • သင့်ကိုယ်ရေးဒေတာများကို ဝင်ရောက်သုံးစွဲခွင့် တောင်းဆိုရန် (“ဒေတာပိုင်ရှင် ဝင်ရောက်သုံးစွဲခွင့် တောင်းဆိုမှု" ဟု အသိများသည်) နှင့် အဆိုပါကိုယ်ရေးလုံခြုံမှု ဆိုင်ရာအသိပေးချက်တွင် အသိပေးဖော်ပြရန် ရည်ရွယ်ထားသော သင့်ကိုယ်ရေးဒေတာများကို ကျွန်ုပ်တို့စီမံဆောင်ရွက်ခြင်းနှင့်ပတ်သက်သည့် ထပ်ဆောင်းအချက်အလက်အချို့ကို ဝင်ရောက်သုံးစွဲခွင့် တောင်းဆိုရန်နှင့်
  • မမှန်ကန်သော သို့မဟုတ် မပြည့်စုံသော မည်သည့်ကိုယ်ရေးဒေတာကိုမဆို ပြင်ဆင်ခွင့် တောင်းဆိုရန်၊
  • သင့်ကိုယ်ရေးဒေတာများကို ဖျက်ပစ်ခွင့် သို့မဟုတ် သင့်ကိုယ်ရေးဒေတာများကို စီမံဆောင်ရွက်ခြင်းအား ကန့်သတ်ခွင့် တောင်းဆိုရန်၊
  • သင့်ကိုယ်ရေးဒေတာကို ကျွန်ုပ်တို့ စီမံဆောင်ရွက်ခြင်းအား ကန့်ကွက်ရန်၊
  • သင်ပေးထားသော သဘောတူညီချက်တစ်ခုခုကို ရုပ်သိမ်းရန်၊
  • အချို့သောအခြေအနေများတွင် ဒေတာ လွှဲပြောင်းခွင့် တောင်းဆိုရန်၊
  • သက်ဆိုင်ရာ ဒေတာကာကွယ်ရေး ဆိုင်ရာကြီးကြပ်မှုအာဏာပိုင်ထံ တိုင်ကြားချက်တစ်ခုတင်သွင်းရန်နှင့်
  • ဥပဒေဆိုင်ရာ သို့မဟုတ် အခြားတစ်နည်းအားဖြင့် အလားတူသိသာသော အကျိုးဆက်များရှိသည့် သင်နှင့်ပတ်သက်၍ ကျွန်ုပ်တို့ ပြုလုပ်သော အလိုအလျောက်ဆုံးဖြတ်ချက်အချို့ကို ကန့်ကွက်ရန်။ ကျွန်ုပ်တို့သည် ပုံမှန်အားဖြင့် ထိုကဲ့သို့ အလိုအလျောက်ဆုံးဖြတ်ချက်ချခြင်းကို မလုပ်ဆောင်သော်လည်း ကျွန်ုပ်တို့ လုပ်ဆောင်ပါက အဆိုပါဆုံးဖြတ်ချက်များ ပြုလုပ်သည့်အခါ ကျွန်ုပ်တို့သည် ၎င်းအလိုအလျောက်ဆုံးဖြတ်ချက်ချခြင်းကို ရှင်းလင်းအောင်လုပ်ပါမည်။

သင့်အခွင့်အရေးများကို အသုံးချရန် 'ကျွန်ုပ်တို့ထံ မည်သို့ဆက်သွယ်ရမည်နည်း'တွင် ဖော်ပြထားသည့် ဆက်သွယ်ရန် အသေးစိတ်အချက်အလက်များကို အသုံးပြု၍ ကျေးဇူးပြု၍ ကျွန်ုပ်တို့ထံ ဆက်သွယ်ပါ။.

ပြင်ပအဖွဲ့အစည်း ဆိုင်ရာဝက်ဘ်ဆိုက်များနှင့် အကြောင်းအရာများ။

ဝက်ဘ်ဆိုက်မှ လင့်ခ်တစ်ခုကို နှိပ်ပြီးနောက် သင်ဝင်ကြည့်နိုင်သည့် ဝက်ဘ်ဆိုက်များကို ပိုင်ဆိုင်သည့် ပြင်ပအဖွဲ့အစည်းများတွင် တင်းကျပ်မှု သိပ်မရှိသော ကိုယ်ရေးလုံခြုံမှုဆိုင်ရာ မူဝါဒများ ရှိနိုင်သည်။ ကျွန်ုပ်တို့သည် အဆိုပါမူဝါဒများအပေါ် ထိန်းချုပ်နိုင်စွမ်းမရှိ၍ မည်သည့်ကိုယ်ရေးဒေတာကိုမဆို ထိုကဲ့သို့ဝက်ဘ်ဆိုက်များသို့ မပံ့ပိုးမီ ၎င်းတို့၏ ကိုယ်ရေးလုံခြုံမှုဆိုင်ရာ ထုတ်ပြန်ချက်များကို ဖတ်ရှုရန် သင့်အား တိုက်တွန်းသည်။

ကွတ်ကီးများ။

ကျွန်ုပ်တို့သည် ကျွန်ုပ်တို့၏ ဝက်ဘ်ဆိုက်ပေါ်တွင် ကွတ်ကီးများနှင့် အလားတူနည်းပညာများကို အသုံးပြုသည်။ ကွတ်ကီးတစ်ခုသည် ဝက်ဘ်ဆိုက်ပေါ်ရှိ ဝက်ဘ်စာမျက်နှာတစ်ခုသို့ သင်ဝင်ရောက်သည့်အခါ သင့်စက်တွင် ဒေါင်းလုဒ်လုပ်သည့် ဖိုင်အသေးတစ်ခုဖြစ်သည်။ ကွတ်ကီးတွင် သင်နှင့် ကျွန်ုပ်တို့၏ဝက်ဘ်ဆိုက်သို့ သင်ဝင်ကြည့်မှုနှင့် ပတ်သက်သော အချက်အလက်များ ပါရှိသည်။ ဝက်ဘ်ဆိုက်များ အလုပ်လုပ်စေရန်၊ တစ်ဦးချင်း သီးသန့်သုံးစွဲသူများကို ခွဲခြားရန်နှင့် သုံးစွဲသူများက ဝက်ဘ်ဆိုက်များနှင့် အပြန်အလှန်တုံ့ပြန်ပုံကို လေ့လာရန် ကွတ်ကီးများကို ကျယ်ကျယ်ပြန့်ပြန့် အသုံးပြုကြသည်။ ကွတ်ကီးများနှင့် အလားတူနည်းပညာများကို ကျွန်ုပ်တို့အသုံးပြုပုံအကြောင်း နောက်ထပ်အချက်အလက်များကိုသိရှိနိုင်ရန်အတွက် ကျွန်ုပ်တို့၏ ကွတ်ကီးဆိုင်ရာ အသိပေးချက် ကို ကြည့်ရှုပါ။

သင့်ကွတ်ကီးများကို စီမံခြင်း။

သင်သည် ကွတ်ကီးများကို လက်မခံရန်အတွက် သင်၏ ဘရောက်ဇာ ဆက်တင်များကို အချိန်မရွေး ပြောင်းလဲနိုင်သည်။ သင်သည် ကွတ်ကီးများကို ပိတ်ဆို့နည်းနှင့်ပတ်သက်၍ ပိုမိုသိရှိနိုင်ရန်အတွက် http://www.allaboutcookies.org/တွင် ဝင်ရောက်လေ့လာနိုင်ပါသည်။ ကွတ်ကီးများကို လုံးဝအလျှင်းးပိတ်ဆို့ပါက ဝက်ဘ်ဆိုက်အများစုသည် ကောင်းမွန်စွာ အလုပ်လုပ်မည်မဟုတ်၍ ကျွန်ုပ်တို့၏ ဝက်ဘ်ဆိုက်များပေါ်ရှိ အချို့လုပ်ဆောင်ချက်များသည် လုံးဝအလုပ်လုပ်မည် မဟုတ်ကြောင်း သတိပြုပါ။ အဆိုပါကိုယ်ရေးလုံခြုံမှုဆိုင်ရာ အသိပေးချက်တွင် ပြောင်းလဲမှုများ

ကျွန်ုပ်တို့သည် အဆိုပါကိုယ်ရေးလုံခြုံမှုဆိုင်ရာ အသိပေးချက်ကို အခါအားလျော်စွာ ပြောင်းလဲပြီး အပ်ဒိတ်လုပ်နိုင်သည်။ ကျွန်ုပ်တို့၏ ကိုယ်ရေးလုံခြုံမှုဆိုင်ရာ အသိပေးချက်တွင် ပြုလုပ်သော မည်သည့်ပြောင်းလဲမှုကိုမဆို ဤစာမျက်နှာတွင် တင်ပါမည်။

အဆိုပါကိုယ်ရေးလုံခြုံမှုဆိုင်ရာ အသိပေးချက်ကို စက်တင်ဘာလ 2022တွင် နောက်ဆုံးအပ်ဒိတ်လုပ်ထားသည်။

Related Links